၂၀၂၂ ခုနှစ်မှာလည်း အဝဆုံးဝက်ဝံအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရတဲ့ 747 အမည်ရ ဝက်ဝံညို

12-10-2022-yyl-36.jpg

အလက်စကာပြည်နယ်က the Katmai National Park က နှစ်စဉ်နှစ်တိုင်း အဝဆုံးဝက်ဝံကို ရွေးချယ်ဖို့အတွက် ပြိုင်ပွဲကျင်းပလေ့ရှိပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့မဲပေးမှုနဲ့ ရွေးချယ်ဆုံးဖြတ်တာဖြစ်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ညက ၂၀၂၂ ခုနှစ်အတွက် အဝဆုံးဝက်ဝံအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဝက်ဝံကို ကြေညာခဲ့ပါတယ်။

747 အမည်ရ ဝက်ဝံအထီးက 901 အမည်ရဝက်ဝံအမကိုကျော်ပြီး မဲအများဆုံးနဲ့အနိုင်ရရှိခဲ့ပါတယ်။ 747 က မဲအရေအတွက် ၆၈၁၀၅ မဲ နဲ့ 901 က မဲအရေအတွက် ၅၆၈၇၆ မဲရရှိခဲ့တာပါ။ မဲပေးမှုမှာ အနည်းငယ်အနှောင့်အယှက်ရှိခဲ့ပြီး Spam မဲတွေလည်း တွေ့ရှိခဲ့ပါတယ်။ 747 ဝက်ဝံက ၂၀၂၀ ခုနှစ်တုန်းကလည်း အဝဆုံးဝက်ဝံအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ သူက ကမ္ဘာပေါ်မှာ အကြီးဆုံးဝက်ဝံညိုတွေထဲက တစ်ကောင်ဖြစ်ပြီး အလေးချိန် ပေါင် ၁၄၀၀ (၆၃၅ ကီလိုဂရမ်) ရှိပါတယ်။

ဗိုက်က ကြမ်းပြင်ကို ထိနေတဲ့အထိ အဝဆုံးဝက်ဝံဖြစ်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ ဇွန်လကုန်ကနေ စက်တင်ဘာလလယ်အထိ နေ့တိုင်းနီးပါး Brooks ရေတံခွန်ကနေ ငါးတွေဖမ်းစားခဲ့ရပါတယ်။ ငါးဖမ်းတဲ့နေရာမှာလည်း အကောင်းဆုံးဝက်ဝံတွေထဲက တစ်ကောင်ပါပဲ။

နှစ်စဉ်ပြိုင်ပွဲက Katmai National Park ရဲ့ဝက်ဝံညိုတွေရဲ့ခံနိုင်ရည်အား၊ လိုက်လျောညီထွေရှိမှုနဲ့ ခွန်အားတွေကို ဂုဏ်ပြုဖို့ နည်းလမ်းတစ်ခုပါပဲ။ ၂၀၂၂ ခုနှစ် ပြိုင်ပွဲမှာ အရမ်းထွားပြီးဝတဲ့ ဝက်ဝံ (၁၂) ကောင်က ဆယ်လမွန်ငါးတွေနဲ့ အခြားအစားအစာတွေကို စားသောက်ပြီးတော့ ပြိုင်ပွဲအတွက် လေ့ကျင့်ကြရပါတယ်။

Ref: CNN “Fat Bear Week has a 2022 winner”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top