ပုဂံမာရသွန်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ်

23-7-2020-yyl-006.jpg

ကြီးကျယ်ခမ်းနားတဲ့ ပုဂံမြို့ဟောင်းမှာ ကျင်းပမယ့် ပုဂံမာရသွန်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် နှလုံးသည်းပွတ်ဖြစ်ရာ ပုဂံမြို့ဟောင်းရဲ့ စေတီပုထိုးတွေကြား၊ ရွာတွေကြားမှာ ပြေးရတဲ့ ပုဂံမာရသွန်ပြိုင်ပွဲက တမူထူးခြားတဲ့ မာရသွန်ပြိုင်ပွဲပါ။

ပုဂံမာရသွန် အပြေးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကစတင်ပြီး Albatros Adventure Marathons က ကြီးမှုးကျင်းပခဲ့တာဖြစ်ပြီး စစချင်းနှစ်မှာ နိုင်ငံခြားသားအများစုသား ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံသားအများစု ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်ဆက်တိုက် ပြိုင်ပွဲကျင်းပခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပါဝင်သူဦးရေ ပိုများလာခဲ့ပါတယ်။ ပုဂံမာရသွန်ပြိုင်ပွဲမှာ ၁၀ကီလိုမီတာ၊ ၂၁ ကီလိုမီတာ၊ ၄၂ ကီလိုမီတာဆိုပြီး အမျိုးအစား (၃) မျိုး ရှိပါတယ်။ မိသားစု၊ မိတ်ဆွေ၊ ပြေးဖော်ပြေးဖက်တွေကြား ပျော်ရွှင်နွေးထွေးမှု ခံစားရအောင် ရည်ရွယ်ကျင်းပတဲ့ ပုဂံမာရသွန်ပြိုင်ပွဲဟာ ပြိုင်ပွဲတစ်ခုဆိုတာထက် ပိုပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းဒေသဆိုတာ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်တဲ့ နေရာတစ်ခုဖြစ်တာကြောင့်လည်း ပုဂံမာရသွန်ပြိုင်ပွဲက စိတ်ဝင်စားစရာ ပိုကောင်းနေပါတယ်။အသေးစိတ်သိချင်ရင်တော့ https://bagan-temple-marathon.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top