ပရီးမီးယားလိဂ်သမိုင်းမှာ ဟက်ထရစ်အများဆုံးသွင်းနိုင်ခဲ့တဲ့ အဂွေရိုကို ဂန္တဝင် ကစားသမားလို့ ဂွာဒီယိုလာ ချီးကျူး

yyl-006-5.jpg

ဗီလာကို (၆-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂွေရိုကို နည်းပြဂွာဒီယိုလာက ဂန္တဝင်ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဗီလာဘက်ကို သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဂွေရို သွင်းယူခဲ့တဲ့ (၁၂)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့ ဟက်ထရစ်စံချိန်(၁၁ ကြိမ်)ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ အဂွေရိုဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၀၆)ပွဲ ကစားချိန်မှာ (၁၇၇)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ (၁၇၅)ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြည်ပကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ရပ်တည်ခဲ့ပါတယ်။

”အဂွေရိုက ဂန္တဝင်ပါ။ ဒီနေ့မှာ ဂန္တဝင်တစ်ဦး ပေါ်ထွန်းခဲ့ပါပြီ။ သူက သြချရတဲ့ လူသားတစ်ယောက်ပါ။ လူတော်တွေနဲ့ အလုပ်တွဲလုပ်ရတာ ကျွန်တော် သဘောကျပါတယ်”လို့ ဂွာဒီယိုလာက ပြောပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ အဂွေရိုဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်နဲ့အတူ အဆင့်(၄)နေရာကို ပူးတွဲရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top