တစ်လုံးကို ငွေကျပ် ၁၀ သိန်းကျော် ကျသင့်တဲ့ ဂျပန်စတော်ဘယ်ရီမျိုးစိတ်

1.8.23-yyl-2.jpg

အရောင်အဆင်း ထူးခြားပြီး အရသာ တုနှိုင်းမမီဘူးဆိုတဲ့ ဂျပန်စတော်ဘယ်ရီမျိုးစိတ်ကို နတ်မိမယ်လို့ အမည်ပေးထားပြီး စတော်ဘယ်ရီသီးတစ်လုံးကို မြန်မာငွေ ၁၀ သိန်းကျော် (အမေရိကန်ဒေါ်လာ ၃၅၀) ကျသင့်ပါတယ်။

ဘီကျင်းဟီမဲ(နတ်မိမယ်)လို့ အမည်ရတဲ့ စတော်ဘယ်ရီမျိုးစိတ်ကို ဂျပန်တောင်သူ မီကီယိုအိုကူဒါက စမ်းသပ်စိုက်ပျိုးခဲ့တာပါ။ စတော်ဘယ်ရီ စိုက်တဲ့သက်တမ်း ၄၅ နှစ်ရှိတဲ့ အိုကူဒါဟာ နတ်မိမယ်စတော်ဘယ်ရီကို ၁၅ နှစ်ကြာ စမ်းသပ်ပြီးမှ အောင်မြင်ခဲ့တာပါ။ နတ်မိမယ် စတော်ဘယ်ရီရဲ့ အကြီးဆုံးအသီးတွေဟာ တင်းနစ်ဘောလုံးတစ်လုံး အရွယ်အစားရှိပြီး အလေးချိန် ၁၀၀ ဂရမ်လောက် ရှိပါတယ်။

ပုံမှန်အားဖြင့် စတော်ဘယ်ရီဟာ အသီးကြီးရင် အရသာနဲ့ အချိုပေါ့သွားလေ့ရှိပေမဲ့ နတ်မိမယ်စတော်ဘယ်ရီကတော့ အသီးကြီးလည်း အရသာနဲ့ အချို မပေါ့ပါဘူး။ ပုံမှန် စတော်ဘယ်ရီ အချိုနှုန်းဖြစ်တဲ့ ၁၀ ဒီဂရီ Brix ထက် ပိုများပြီး ၁၃ ဒီဂရီ Brix ရှိပါတယ်။ အလှဆုံး အကြီးဆုံး စတော်ဘယ်ရီသီး တစ်လုံးကို ဒေါ်လာ ၅၀၀ အထိ ရောင်းလေ့ရှိပါတယ်။ အိုကူဒါဟာ သူအရင် စမ်းသပ်စိုက်ပျိုးခဲ့တဲ့ စတော်ဘယ်ရီမျိုးစိတ်တွေကနေ အဆင့်မြှင့်တင် စိုက်ပျိုးခဲ့တာဖြစ်ပြီး နတ်မိမယ်မျိုးစေ့က သူ့ဆီမှာပဲရှိလို့ တခြားတောင်သူတွေ စိုက်ပျိုးလို့ မရပါဘူး။

Ref: The “Beautiful Princess” of Strawberries Costs Up to $350 Per Piece

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top