ဆယ်ကျော်သက်သမီးလေးကို အပြစ်ပေးတဲ့အနေနဲ့ ဆိုရှယ်မီဒီယာကို ကိုယ်စားအသုံးပြုခဲ့တဲ့ ဖခင်

yyl-007-1.jpg

အသက် (၁၅) နှစ်အရွယ် ဆယ်ကျော်သက်သမီးလေးကို ဒီမိဘတွေ အပြစ်ပေးတဲ့နည်းက ထူးထူးခြားခြားပါပဲ။ တွိုင်းယား ဖို့ဒ် (Tawnya Ford) နဲ့ လာရီ စတန့်တာ (Larry Sumpter) ဆိုတဲ့ မိဘတွေက သူတို့ရဲ့သမီးလေး မာဒလင် (Madelynn) ဟာ သူငယ်ချင်းတွေနဲ့ ကျင်းပတဲ့ပါတီထဲကို ကောင်လေးတွေကို ခိုးကြောင်ခိုးဝှက် ခေါ်သွင်းခဲ့တယ်ဆိုတာကို သိရှိသွားခဲ့တဲ့အတွက် အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့သမီးကို သူတို့အပြစ်ပေးတဲ့နည်းကတော့ တစ်လလုံး ဖုန်းမသုံးဘဲနေမလား (ဒါမှမဟုတ်) (၂) ပတ် ဖုန်းမသုံးဘဲနေမလားဆိုပြီး သူ့သမီးကို ရွေးချယ်စေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က သူ့သမီးရဲ့ဖုန်းကို သိမ်းထားစဉ်အတွင်းမှာ သူ့သမီးရဲ့ဆိုရှယ်မီဒီယာကို အပြည့်အဝထိန်းပေးထားမှာဖြစ်ပါတယ်။ မာဒလင်က ချက်ချင်းပဲ ဒုတိယတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။

နိုဝင်ဘာ (၁၁) ရက်နေ့က ဖုန်းကို မာဒလင်ရဲ့ဖခင် လာရီက ထိန်းသိမ်းထားခဲ့ပြီးပြီချင်းမှာပဲ သူက သူ့သမီးရဲ့Tik Tok အကောင့်၊ အင်စတာဂရမ်အကောင့်တွေမှာ ပို့စ်အမျိုးမျိုးတင်ခဲ့ပါတယ်။ မိန်းကလေးလိုဝတ်ဆင်ထားတဲ့ပုံတွေ၊ အိပ်ရာထဲလဲလျောင်းရင်း ကင်မရာကို ငေးပြီး အနီးကပ်ရိုက်ထားတဲ့ပုံတွေ တင်ခဲ့တာပါ။ မာဒလင်တင်ခဲ့တဲ့ပို့စ်တွေထက် လာရီရဲ့ပို့စ်တွေကို ပိုပြီးနှစ်သက်သဘောကျခဲ့ပါတယ်။ မာဒလင်ရဲ့အတန်းဖော်တွေဆိုရင် လာရီ ဘာတွေတင်မလဲဆိုပြီး ပုံမှန်လိုလို အကောင့်ထဲ ဝင်ကြည့်ဖြစ်ကြပါတယ်။

“ပထမရက်ပြီးတော့ မာဒလင်က သမီး စိတ်ပြောင်းသွားပြီ။ တစ်လ ရွေးမယ်ဆိုပြီးဖြစ်လာပါတယ်။ လာရီက သူ့ကို ပြောတယ်။ နိုး… အဖေ အရမ်းinvest လုပ်လွန်းနေတယ်။ အဖေမှာ စိတ်ကူးတွေများလွန်းနေတယ်။ (၂) ပတ်နဲ့ လုံလောက်ပါတယ်” လို့ ဖို့ဒ်က ပြောပါတယ်။ လာရီက ဆိုရှယ်မီဒီယာသုံးရတာကို နှစ်သက်သဘောကျနေပြီး သူ့ရဲ့ကိုယ်ပိုင်Tik Tok အကောင့်ဖွင့်တော့မယ်လို့ ထင်ကြောင်း ဖို့ဒ်က ဆိုပါတယ်။

မာဒလင်ရဲ့အကောင့်ကို သုံးနေတဲ့ (၈) ရက်မြောက်နေ့မှာ လာရီ Tik Tok ကစားတော့ ဖို့ဒ်နဲ့ သားငယ်လေးတို့က ပါဝင်ကူညီအားဖြည့်ခဲ့ကြပါသေးတယ်။ (၁၂) ရက်မြောက်နေ့မှာတော့ Tik Tok ကစားတဲ့နေရာမှာ ဖို့ဒ်အပြင် အန်တီ ခရစ်စတယ်တောင်ပါလာခဲ့ပါတယ်။ (၂) ပတ်ပြည့်တဲ့အခါမှာ မာဒလင်ဟာ သူ အင်စတာဂရမ်အကောင့်မှာ သူ့ငယ်ငယ်ကပုံလေးကို တင်ခဲ့ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကို ပြန်သုံးခဲ့ပါပြီ။

Ref: Dad Punishes Teen Daughter By Taking Over Her Social Media For 2 Weeks, His Posts Receive More Likes Than Hers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top