တရုတ်နိုင်ငံရဲ့ မြေတိုင်းအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြုံတွေ့နေချိန်အတွင်း ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ တစ်ခုတည်းသောအဖွဲ့ ဖြစ်လာခဲ့ပါတယ်။ မြေတိုင်းအဖွဲ့ဟာ နီပေါနယ်စပ်မှာရှိတဲ့ ဧဝရက်တောင်ရဲ့အမြင့်ကို ပြန်လည်တိုင်းတာဖို့ တောင်ထိပ်ကို တက်ရောက်ခဲ့တာလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက ဖော်ပြထားတဲ့ ဧဝရက်တောင်ရဲ့အမြင့်ပေဟာ နီပေါနိုင်ငံ ဖော်ပြတဲ့ အမြင့်ပေထက် ၄ မီတာ နိမ့်ပါတယ်။
ဒါဟာ ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်နဲ့လည်း သက်ဆိုင်နေဖွယ်ရှိပါတယ်။ ဒီနှစ်ထဲမှာတော့ နီပေါနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးက ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ခရီးသွားလာမှုကန့်သတ်ချက်အရ ပြည်ပတောင်တက်အဖွဲ့တွေကို တောင်တက်ခွင့်ပိတ်ပင်ထားပါတယ်။ တရုတ်နိုင်ငံက နွေဦးရာသီမှာ နိုင်ငံသားတွေကိုပဲ ဧဝရက်တောင် တက်ခွင့်ပြုထားပြီး နီပေါနိုင်ငံကတော့ တောင်တက်ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားပါတယ်။
Nz ( ရိုးရာလေး)