ဟာဝိုင်အီမှာ ဒုတိယအကြိမ် ထပ်ပြီးအဖမ်းခံခဲ့ရတဲ့ “The Flash” မင်းသား

20-4-2022-yyl-02.jpg

DC ဇာတ်ကား “The Flash” မှ စူပါဟီးရိုးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား အဲဇာ မေးလ်လာ (Ezra Miller) က ဟာဝိုင်အီကျွန်းမှာ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ အခုလိုအဖမ်းခံရတာ အခုနှစ်ထဲ ဒုတိယအကြိမ်ရှိပါပြီ။

၂၉ နှစ်အရွယ် မေးလ်လာဟာ ပါဟိုအာ (Pahoa) မြို့အနီးနားက ပုနာ (Puna) ခရိုင်အတွင်း ပုဂ္ဂလိက အိမ်ရာတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီးနောက် ဒုတိယအဆင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် အင်္ဂါနေ့မနက် ၁ နာရီခွဲ ဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဟာဝိုင်အီရဲဌာနရဲ့ပြောကြားချက်အရ သိရပါတယ်။

“စုံစမ်းစစ်ဆေးမှုအတွင်း နောက်ပိုင်းမှ အဲဇာမေးလ်လာလို့ သိခဲ့ရတဲ့ အမျိုးသားက ဒေါသထွက်ပြီး ကုလားထိုင်ပစ်ပေါက်လိုက်တာ ၂၆ နှစ်အရွယ်အမျိုးသမီးရဲ့နဖူးကို ထိမှန်ခဲ့လို့ လက်မဝက်လောက် နဖူးကွဲထွက်သွားခဲ့တာကိုရဲတပ်ဖွဲ့က တွေ့ရှိထားပါတယ်”လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးက ဆေးကုသမှုခံယူဖို့ ငြင်းဆန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း မေးလ်လာက ဟာဝိုင်အီရဲ့ဘားတစ်ခုမှာ အဖမ်းခံခဲ့ရပြီး မတရားပြုကျင့်မှု၊ နှောင့်ယှက်မှုတို့နဲ့ တရားစွဲဆိုခံခဲ့ရပါသေးတယ်။ အဲဒီတုန်းက နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ စောင့်ဆိုင်းရင်း မေးလ်လာကို အချုပ်ကနေ လွှတ်ပေးခဲ့တယ်လို့ ရဲဌာနရဲ့ပြောစကားအရ သိရပါတယ်။

မေးလ်လာ ပါဝင်ထားတဲ့ “The Flash” ဇာတ်ကားကတော့ ၂၀၂၃ခုနှစ် နွေရာသီမှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။

Ref: CNN “‘The Flash’ actor Ezra Miller arrested for second-degree assault in Hawaii”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top