သမ္မတဒေါ်နယ်ထရမ့် တက်ရောက်ခဲ့တဲ့ ကွန်ဖရန့်မှာ Covid-19 ကူးစက်ခံရသူတစ်ယောက် ပါဝင်ခဲ့၊ အိမ်ဖြူတော်ဝန်ထမ်း ဦးစီးချုပ်နဲ့ လွှတ်တော်အမတ် ၄ ယောက် အသွားအလာ ကန့်သတ်နေထိုင်

10-3-2020-yyl038.jpg

Covid-19 ကူးစက်ခံထားရသူတစ်ယောက်နဲ့ ထိတွေ့မိပြီးနောက်မှာ အိမ်ဖြူတော်ရဲ့ ဝန်ထမ်းဦးစီးချုပ်နဲ့ ရီပတ်ဗလစ်ကန်ပါတီဝင် လွှတ်တော်အမတ် ၄ ယောက်ဟာ အသွားအလာ ကန့်သတ်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုမှု ခံယူနေပါတယ်။ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် တက်ခရုဇ်အပါအဝင် လွှတ်တော်အမတ် ၅ ယောက်ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ကွန်ဖရန့်တစ်ခုမှာ Covid-19 ကူးစက်ခံထားရသူ တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ကျင်းပခဲ့တဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးကွန်ဖရန့်(CPAC)ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ ကျန်းမာရေးကောင်းတယ်လို့ ဆိုထားပြီး ကျန်းမာရေး စမ်းသပ်မှုခံယူခဲ့ခြင်းမရှိပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရဲ့ ဝန်ထမ်းဦးစီးချုပ်အဖြစ် အသစ်ခန့်အပ်လိုက်တဲ့ မက်ခ်မဲဒိုးစ်ဟာလည်း Covid-19 ကူးစက်ခံထားရသူနဲ့ တွေ့ဆုံခဲ့ပြီး သီးသန့်ခွဲခြား နေထိုင်လျက်ရှိပါတယ်။ မက်ခ်မဲဒိုးစ်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသလို ကြိုတင်စမ်းသပ်မှုတွေ လုပ်ရာမှာလည်း ရောဂါမရှိဘူးဆိုတဲ့ အဖြေထွက်ပေါ်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် တစ်ယောက်ကလည်း Covid-19 ကူးစက်ခံထားရသူတစ်ယောက်နဲ့ တွေ့ဆုံမိခဲ့လို့ သီးသန့်ခွဲခြား နေထိုင်လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၇၀၀ ကျော် ရှိနေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၆ ယောက် ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top