အချင်းချင်းသတ်ဖြတ်စားသောက်တဲ့ ကြွက်တွေများလာလို့ အမေရိကန်လူမျိုးတွေကို သတိပေးထားရ

28-5-2020-yyl-001.jpg

အခုနှစ် ၂၀၂ဝပြည့်နှစ်ကတော့ သတင်းတွေထူးထူးဆန်းဆန်းကြားရတဲ့နှစ်ဖြစ်သလို အမေရိကန်လူမျိုးတွေအတွက် ကံဆိုးတဲ့နှစ်လို့လည်းပြောလို့ရပါတယ်။ အမေရိကန်လူမျိုးတွေက အီရန်တွေနဲ့ စစ်ခြိမ်းခြောက်ခံရသလို ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားနေတဲ့COVID-19 ကပ်ရောဂါကြောင့်လည်း အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အမေရိကန်နိုင်ငံမှာ သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူဦးရေက များလို့နေပါတယ်။ အမေရိကန်လူမျိုးတွေ အခုနှစ်မှာ တော်တော်လေး ဒုက္ခများရပါတယ်။ အခုလည်း ကြွက်တွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ ဆာလောင်မွတ်သိပ်မှုကြောင့် အချင်းချင်းသတ်ဖြတ်စားသောက်မှုမြင့်တက်လာနေတယ်လို့ အမေရိကန်လူမျိုးတွေကို သတိပေးထားရပါတယ်။

အမေရိကန်လူမျိုးတွေက မြို့လမ်းမတွေပေါ်မထွက်တဲ့အတွက်၊ အစားအစာအမှိုက်သရိုက်တွေက နေရာတိုင်းမှာမရှိတဲ့အတွက် ကြွက်တွေကို အချင်းချင်းသတ်ဖြတ်စားသောက်စေခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ Centers fot Disease Control and Prevention က နိုင်ငံတစ်ဝှမ်းမှာ ပုံမှန်မဟုတ်တဲ့၊ အမျက်ဒေါသထွက်နေတဲ့ကြွက်တွေအကြောင်းကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။ “လူအသိုင်းအဝိုင်းကို အပြင်ထွက်ခွင့်ပိတ်ထားတာက ကိုက်ဖြတ်တတ်တဲ့သတ္တဝါတွေအတွက် အစားအစာရရှိနိုင်ဖို့ နည်းပါးသွားခဲ့ပါတယ်။ အစားအစာရနိုင်မယ့်နေရာသစ်ကို ရှာနေတဲ့အတွက် ကိုက်ဖြတ်တဲ့သတ္တဝါတွေ တိုးလာရတာပါ။ ပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးနဲ့ ကိုက်ဖြတ်သတ္တဝါထိန်းချုပ်ရေးပရိုဂရမ်တွေက ကိုက်ဖြတ်သတ္တဝါတွေတိုးလာတာကို တွေ့မြင်ပြီး သူတို့ရ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတင်းထုတ်ပြန်ထားပါတယ်” လို့ CDC က ပြောပါတယ်။

အခုဆို ကြွက်တွေက လူတွေကိုတောင် တိုက်ခိုက်လာနေပါပြီ။ မကြာသေးခင်ကမှ New York City မြေအောက်ရထားဝန်ထမ်းတစ်ယောက်က ကြွက်အုပ်စုလိုက် တိုက်ခိုက်ခံခဲ့ရပါတယ်။ မြေအောက်ရထားကွန်ရက်မှာအလုပ်လုပ်တာ (၁၀) နှစ်ရှိပြီးဖြစ်တဲ့ ရိုင် ဖစ်ရှာက “ကျွန်တော် ဓာတ်မီးနဲ့ကြည့်တော့ အချင်းချင်းပေါ်တွားသွားကပ်တွယ်နေတဲ့၊ တိရစ္ဆာန်အသေကောင်တွေကို စားသောက်နေတဲ့ အနည်းဆုံး ကြွက် အကောင် (၄၀) လောက်ကို မြင်ခဲ့ရတာပါ။ သူတို့ကို ဓာတ်မီးနဲ့ထိုးလိုက်တဲ့အခါ အုပ်စုကွဲသွားကြပေမယ့် ကျွန်တော့်ကို သတိပြုမိတဲ့ပုံမပေါ်ပါဘူး” လို့ ပြောပါတယ်။ သူတို့သာ ရိုင်ကို သတိပြုမိလိုက်ရင် သူက သူတို့ရဲ့အစာလို့ တွေးမိနိုင်ပါတယ်။

“အဲဒီနောက်မှာ ခြေထောက်မှာ တစ်ခုခုတက်နေသလို ကျွန်တော်ခံစားမိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ခြေထောက်နောက်ဘက်ကနေ ကြွက် (၃) (၄) ကောင် တက်နေသလိုပါပဲ။ သူတို့က အရမ်းမြန်ပါတယ်။ ကျွန်တော်ထွက်မပြေးခင် ဓာတ်မှန်နဲ့ကြည့်လိုက်ချိန်မှာ နေရာတိုင်း ကြွက်တွေပါပဲ။ ကျွန်တော်ဆီ ခုန်တက်နေတာ အနည်းဆုံး (၃၀) ရှိပါတယ်။ ကျွန်တော်က ဘောင်းဘီရှည်နဲ့ ဂျာကင်ဝတ်ထားတဲ့အတွက် အဲဒီတွေကို ချွတ်ပစ်ခဲ့ပြီး ဥမင်အပြင်ဘက်ရောက်တော့ ကြွက်အနည်းငယ်ပါလာခဲ့ပါသေးတယ်။ ကျွန်တော် နောက်ဆုံးနှစ်ကောင်ကို ခြေထောက်နဲ့တောင် ကန်ပစ်ခဲ့ပါတယ်။ အဲဒီလိုပြုမူတတ်တဲ့ကြွက်တွေကို ကျွန်တော်မမြင်ဖူးခဲ့ပါဘူး” လို့ ရိုင်က ဆိုပါတယ်။ ဒါကြောင့် အမေရိကန်လူမျိုးတွေကို လမ်းသွားရင် ကြွက်မြင်တာနဲ့ ရိုင်လိုမဖြစ်ဖို့အတွက် ထွက်ပြေးသင့်ပါတယ်။

Ref: Americans Have Been Warned About A Rise In Cannibalistic Rats

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top