ဧပြီလအတွင်း KIA နှင့် တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ

localnews-001.jpg

ဧပြီလအတွင်းမှာ ကချင်လက်နက်ပိုင်တပ်ဖွဲ့(KIA) နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ တပ်မတော်က သင်္ကြန်ကာလအတွင်း KIA တပ်မဟာ ၂ ဒေသကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြန်မာပြည်မြောက်ပိုင်းဒေသရဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ လှုပ်ရှားရာနေရာတွေမှာ စစ်အင်အား လက်နက်အင်အားဖြည့်တင်းတာတွေကို တောက်လျှောက်လုပ်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ လိုင်ဇာဌာနချုပ် တပ်ရင်းဌာနတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာ ယနေ့ဧပြီ ၂၂ ရက်နေ့ ဆိုရင် ရက်သတ္တပတ်နှစ်ပတ်လောက် ရှိပြီဖြစ်တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်အရ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် ဧပြီ ၂၀ ရက်မှာ KIA တပ်မဟာ ၂ ရဲ့ တပ်ရင်း ၁၁ နဲ့ ၎င်းပတ်ဝန်းကျင်ရှိ ကဆုန်ကျေးရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းကဆုန်ကျေးရွာမှာ ကလေး၊ လူကြီး ကျားမ စုစုပေါင်း တစ်ထောင်ခန့် ရှိနေပြီး ရွာသူရွာသားတွေဟာ လေယာဉ်ပေါ်က ဗုံးဆံနဲ့ လက်နက်ကြီးဒဏ်တွေကို ကင်းလွတ်စေဖို့ တောတောင်တွေအတွင်း ရှောင်တိမ်းနေကြရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Thar Ko (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top