မားစ်ဂြိုဟ်ကိုသွားမယ့် အာရပ်ကမ္ဘာရဲ့ ပထမဆုံးအာကာသခရီးစဉ်ကို မကြာမီလွှတ်တင်မယ်

9-6-2020-yyl-006.jpg

မားစ်ဂြိုဟ်ကို သွားမယ့် အာရပ်ကမ္ဘာရဲ့ ပထမဆုံး အာကာသခရီးစဉ်ကို လာမယ့် သီတင်းပတ်တွေအတွင်း လွှတ်တင်သွားဖို့ ပြင်ဆင်နေပါပြီ။ ခရီးမိုင် ၃၀၈ သန်းကွာဝေးတဲ့ မားစ်ဂြိုဟ်ကို ရောက်ရှိပြီး ပတ်လမ်းထဲမှာ သွားလာနိုင်ဖို့ အချိန် ၇ လကြာမြင့်မှာပါ။ အဲဒီနောက်မှာတော့ မားစ်ဂြိုဟ်ရဲ့ ရာသီဥတု၊ လေထုအခြေအနေနဲ့ပတ်သက်တဲ့ အချက်အလက်သစ်တွေကို ကမ္ဘာမြေထံ ပြန်လည်ပေးပို့မှာပါ။ မျှော်လင့်ချက်(Hope)လို့ အမည်ရတဲ့ Named Amal အာကာသယာဉ်ကို ဇူလိုင်လ ၁၄ ရက်ကျရင် ဂျပန်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ တာနီဂါရှီမာကျွန်းကနေ လွှတ်တင်မှာပါ။

လူလိုက်ပါခြင်းမရှိတဲ့ အာကာသယာဉ်ကို ဂျပန်နိုင်ငံထုတ် ဒုံးပျံနဲ့လွှတ်တင်မှာပါ။ Hope အာကာသယာဉ်ဟာ မားစ်ဂြိုဟ်ကို တစ်ပတ်ပတ်ဖို့ ၅၅ နာရီကြာမြင့်မှာပါ။ အာကာသယာဉ်ဟာ ၆၈၇ ရက်ကြာမြင့်တဲ့ မားစ်ဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံးလုံး မားစ်ဂြိုဟ်ကို လှည့်ပတ်နေမှာ ဖြစ်ပြီး ဒေတာတွေ ရယူမှာပါ။ ယူအေအီးနိုင်ငံဟာ အာကာသထဲသွားရောက်ခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။ အရင်တုန်းကလည်း သူတို့ရဲ့ဂြိုဟ်တုတွေကို ကမ္ဘာ့ပတ်လမ်းထဲ စေလွှတ်ခဲ့ဖူးသလို ယူအေအီးနိုင်ငံသား အာကာသယာဉ်မှူးတစ်ယောက်ကိုလည်း နိုင်ငံတကာ အာကာသစခန်းထံ စေလွှတ်ခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top