ပျင်းရိခြင်းကို အနိုင်ယူပစ်နိုင်မယ့် ဂျပန်နည်းဗျူဟာ

8-10-2021yyl07.png

လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ၊ မျှော်မှန်းချက်တွေရှိကြပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တွေကိုယ်တိုင် ကြိုးစားအားထုတ်ရပါလိမ့်မယ်။ ဒါပေမဲ့ အများစုက ရည်မှန်းချက်တွေ အကောင်းအထည်ဖော်ဖို့အတွက် အချိန်ဆွဲတာ၊ ပျင်းရိတာ၊ ရည်မှန်းထားတာကို အောင်မြင်အောင်မလုပ်နိုင်တာတွေဖြစ်နေကြပါတယ်။ စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျဖြစ်နေကြရပါတယ်။

ရည်မှန်းချက်ဖြစ်မြောက်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့ ဇွဲ၊လုံ့လဝိရီယတို့နဲ့ကြိုးစားရမှာပါ။ အဲလိုမှာမဟုတ်ရင် ရည်မှန်းထားတာတွေအားလုံး ဆုံးရှုံးသွားရပါလိမ့်မယ်။ လုပ်ရမှာတွေကို နောက်နေ့မှာ လုပ်မယ်ဆိုပြီး ရွှေ့ဆိုင်းတာက ဖြစ်မြောက်အောင်လုပ်ဖို့အတွက် မသေချာတော့ပါဘူး။ လုပ်မယ်လို့ စိတ်ကူးထားပြီးရင် ရွှေ့ဆိုင်းမနေဘဲ ချက်ချင်းထလုပ်လိုက်ပါ။ တစ်နေ့တည်းနဲ့ အကုန်မပြီးလည်းရပါတယ်။ သင်က အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ပျင်းရိပြီး အချိန်ဆွဲတာတွေလုပ်နေတယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်နည်းဗျူဟာ “ကိုင်ဇန်” (Kaizen) ရှိပါတယ်။ ဒီနည်းဗျူဟာက ပျင်းရိတာကို ကျော်လွှားနိုင်အောင် အကူအညီပေးပါလိမ့်မယ်။

ဂျပန်နည်းဗျူဟာ “ကိုင်ဇန်” ဆိုတာဘာလဲ

ကိုယ့်ကိုယ်ကိုတိုးတက်စေဖို့အတွက် ” (၁) မိနစ်စည်းမျဉ်း”လို့ ခေါ်တဲ့ ကိုင်ဇန်က ပျင်းရိခြင်းကျော်လွှားပြီး အလုပ်ပြီးမြောက်စေမယ့် ဂျပန်နည်းဗျူဟာဖြစ်ပါတယ်။ နေ့တိုင်း တစ်ချိန်တည်းမှာပဲ အနည်းဆုံး အချိန် (၁) မိနစ်နဲ့ အလုပ်တစ်ခုပြီးမြောက်သင့်တယ်ဆိုတဲ့ အယူအဆပါပဲ။ “Kai” (အပြောင်းအလဲ) နဲ့ “zen” (ဉာဏ်ပညာ) လို့ အဓိပ္ပာယ်ရပါတယ်။ ဂျပန်လူမျိုးအတွေးအခေါ်ပညာရှင် မာဆာကီ အီမိုင် (Masaaki Imai) က Kaizen ကို တီထွင်ခဲ့တာပါ။

Kaizen က သင့်ရဲ့နေ့စဉ်ဘဝမှာ အချိန် (၁) မိနစ်သာပေးရတဲ့ ရိုးရှင်းတဲ့နည်းဗျူဟာပါပဲ။ ဉပမာပြောရရင် သင်က စာအုပ်တစ်အုပ်ဖတ်မယ်ဆိုရင် (ဒါမှမဟုတ်) တူရိယာတစ်ခုခုကို တီးခတ်မယ်ဆိုရင် အဲဒါလုပ်ဖို့ နေ့တိုင်း အချိန် (၁) မိနစ်ပေးလိုက်ရုံပါပဲ။ သင် ဘယ်လောက်ပဲ ပျင်းရိနေပါစေ။ အချိန်(၁) မိနစ်အတွင်းမှာ လုပ်ရမယ့်အရာကို လုပ်ဆောင်ဖြစ်လိုက်ပါတယ်။ Kaizen နည်းဗျူဟာကို လုပ်ဆောင်ဖို့ အချိန် (၁) မိနစ်ပဲ လိုပါတယ်။

Kaizen နည်းဗျူဟာကို လုပ်ဆောင်တဲ့အခါ အလျင်မလိုပါနဲ့။ အချိန် (၁) မိနစ်ပဲ ပေးလိုက်ပါ။ (၁) မိနစ်အချိန်ပေးဖြစ်တဲ့ အလေ့အကျင့်နဲ့ ကျင့်သားရသွားတဲ့အခါ သင်ကိုယ်တိုင် အချိန်ကို တဖြည်းဖြည်းချင်းတိုးသွားတာတွေ့ရပါလိမ့်မယ်။ တခါတလေ သင် အချိန်ပေးတာ (၁) မိနစ်တောင်မဟုတ်တော့ဘဲ အချိန် (၁) နာရီတောင်ဖြစ်သွားတတ်ပါတယ်။

ဒီနည်းဗျူဟာကို ဘယ်သူမဆို လုပ်ကြည့်သင့်ပါတယ်။ သင်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်နဲ့သင့်ရဲ့ရည်မှန်းချက်တွေက ဘာလဲဆိုတာကိုတော့ သင်ကိုယ်တိုင်နားလည်ဖို့ လိုပါတယ်။

Ref: Kaizen: The Japanese way to beat laziness

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top