နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ တရားသူကြီးက ဦးခေါင်းထိုးသွင်းဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်

17-6-2020-yyl-013.jpg

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ သမ္မတရဲ့ ဝန်ထမ်းဦးစီးချုပ် ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှုကို စစ်ဆေးနေချိန်မှာ သေဆုံးခဲ့တဲ့ တရားသူကြီးဟာ သတင်းထွက်ပေါ်ခဲ့သလို နှလုံးရောဂါကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ ဦးခေါင်း ထိုးသွင်းဒဏ်ရာကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ အဲဒီဖြစ်ရပ်ကို လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ တရားရေးဝန်ကြီး ကာဆန်ဒီက ဆိုပါတယ်။

သမ္မတရဲ့ဝန်ထမ်းဦးစီးချုပ် ကာမာဟီက ပြည်သူ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကို တရားသူကြီး ယန်ယီက စစ်ဆေးနေသူပါ။ ကာမာဟီကတော့ သူ့အပေါ် စွဲချက်တွေကို ငြင်းဆန်ထားပြီး နိုင်ငံရေးလှုံ့ဆော်မှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ တရားသူကြီး ယန်ယီက နှလုံးရောဂါဖောက်ပြီး သေဆုံးခဲ့တာလို့ ပြီးခဲ့တဲ့ မေလမှာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ သေမှုသေခင်း စစ်ဆေးချက်အရ ယန်ယီဟာ ဓားပုံစံမျိုး ချွန်ထက်တဲ့အရာနဲ့ ဦးခေါင်းထဲကို ထိုးသွင်းခံရတဲ့အတွက် သေဆုံးခဲ့တာလို့ တွေ့ရကြောင်း ကာဆန်ဒီက ပြောပါတယ်။ ယန်ယီရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်သင့် ဓာတုပစ္စည်း တွေ့ရှိခဲ့ပေမဲ့ သေစေနိုင်တဲ့ ပမာဏမဟုတ်ဘူးလို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top