၂၀၁၉ခုနှစ် မတ်လမှာ ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီး နို့ဘီလူး ဇာတ်ကားဟာ ဘူတန်နိုင်ငံရဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ထူးချွန်ဆု (၄) ဆုရရှိခဲ့တယ်လို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားကြီးကို အောင်သီရီရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကတော့ ဘူတန်နိုင်ငံက နိုင်ငံတကာရုပ်ရှင်ပွဲတော် Druk International Film Festival က ချီးမြှင့်တဲ့ 16 Season (Sept 2020) Competition (စက်တင်ဘာလအတွက်ပြိုင်ပွဲ) မှာ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သသစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် စတဲ့ ကမ္ဘာ့နိုင်ငံအသီးအသီးက ဇာတ်ကားတွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ဆုအမျိုးအစားပေါင်းများစွာထဲကမှ Official Selection အနေနဲ့ ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီလိုရွေးချယ်ခံခဲ့ရပြီးတဲ့နောက်မှာ နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး အခုလို ထူးချွန်ဆု (၄) ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ထူးချွန်ဆု (၄) ဆုထဲမှာ (၂) ဆုကိုတော့ နို့ဘီလူးဇာတ်ကားကြီးနဲ့ အကယ်ဒမီလူမင်း၊ မင်းသမီးရွှေမှုံရတီတို့က ရရှိခဲ့တာပါ။

နို့ဘီလူးဇာတ်ကားကြီး ရရှိခဲ့တဲ့ ထူးချွန်ဆု (၄) ဆုကတော့
၁ အကောင်းဆုံးဇာတ်ကားဆု – နို့ဘီလူး (The Milk Ogre)

၂ အကောင်းဆုံးဒါရိုက်တာဆု – ဒါရိုက်တာလူမင်း

၃ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု – အကယ်ဒမီလူမင်း

၄ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု – ရွှေမှုံရတီ တို့ဖြစ်ပါတယ်။

ဒီဆု (၄) ဆုကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင်၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆန်ကာတင်တွေအနေနဲ့ ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
Source and Photos – နို့ဘီလူး – ရုပ်ရှင်ဇာတ်ကားကြီး
WL (ရိုးရာလေး)