ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာ ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်

22.5.2023-yyl-1.jpg

Nirvana အဆိုတော် ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်အစောပိုင်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Nevermind အယ်လ်ဘမ် လုပ်နေတုန်း ကတ်ကိုဘိန်းက အနက်ရောင် Fender Stratocaster ဂစ်တာကို ရိုက်ခွဲခဲ့တာပါ။

အဲဒီဂစ်တာမှာ Nirvana အဖွဲ့ဝင် ၃ ယောက်လုံး ငွေမှင်ရောင်ဆော့ပင်နဲ့ လက်မှတ်ထိုးထားပါတယ်။ သူ့မိတ်ဆွေ မက်ခ်လာနီဂန်အတွက် ကတ်ကိုဘိန်းက ဒီဂစ်တာပေါ်မှာ အမှတ်တရစကား ရေးပေးထားတာပါ။ ရိုက်ခွဲပြီးနောက်ပိုင်းမှာ ဒီဂစ်တာကို ပြန်လည်တပ်ဆင်ထားပေမဲ့ တီးခတ်လို့တော့ မရပါဘူး။ ၁၉၉၂ ခုနှစ်က Nirvana ရဲ့ Nevermind ဂီတဖျော်ဖြေပွဲမှာ ကတ်ကိုဘိန်းက မက်ခ်လာနီဂန်ကို ဒီဂစ်တာ လက်ဆောင်ပေးခဲ့တာပါ။

ဒီဂစ်တာကို လေလံတင် ရောင်းချတဲ့အခါ ဒေါ်လာ ၆ သောင်းလောက်ပဲ ရမယ်လို့ ခန့်မှန်းထားပေမဲ့ နယူးယော့ခ်မြို့ Hard Rock Cafe မှာ ကျင်းပခဲ့တဲ့ လေလံပြပွဲမှာ ဒေါ်လာ ၅၉၆၉၀၀ နဲ့ လေလံအောင်မြင်ခဲ့တာပါ။

Ref: Kurt Cobain: Guitar smashed by Nirvana frontman sells for nearly $600,000

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top