သွေးလှူဒါန်းရာမှာ သိသင့်တဲ့ အချက်တွေ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

17-6-2020-yyl-017.jpg

အသက် (၁၈) နှစ် မှ (၅၅) နှစ် အတွင်းရှိသူများသာ သွေးလှူဒါန်းနိုင်တယ်လို့ ကျန်းမာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားတွေအနေနဲ့ ကိုယ်အလေးချိန် (၁၁၀) ပေါင်အထက်ရှိရမှာဖြစ်ကာ အမျိုးသမီးတွေအနေနဲ့ ကိုယ်အလေးချိန် (၁၀၀) ပေါင်အထက်ရှိရမယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

သွေးလှူတန်းမယ့် သူတွေအနေနဲ့ အိပ်ရေး၀၀အိပ်စက်ထားရန်၊ လတ်တလော အရက်သေစာသောက်သုံးထားခြင်းမရှိရန်၊ လွန်ခဲ့တဲ့ (၆) လ အတွင်း ဆေးမင်ကြောင်ထိုးထားခြင်းမရှိရန် လိုအပ်ပါတယ်။

ဒါ့ပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မဖြစ်ရန်၊ လတ်တလောဓမ္မတာလာခြင်းမရှိရန်၊ လတ်တလော ရောဂါဝေဒနာမရှိရန်၊ နားဖောက်ခဲ့ခြင်း နဲ့ အပ်စိုက်ကုထုံးခံယူခဲ့ခြင်းတွေ မရှိရန်လိုအပ်ပြီး အချက်အလက်တွေနဲ့ ကိုက်ညီမှာသာ သွေးလှူဒါန်းခွင့်ပြုမှာဖြစ်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

သွေးအလှူရှင်တွေဆီက သွေးထုတ်ယူရာမှာ သုည ဒသမ ၄၅ လီတာ ရှိတဲ့ သွေးပမာဏကိုသာ ထုတ်ယူသွားမှာပြီး အချိန်နာရီဝက်ခန့်ကြာမြင့်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလှူရှင်ဆီက ထုတ်ယူထားတဲ့ သွေးတွေကို အိတ်ချ်အိုင်ဗီ၊ အသည်း ရောင်(ဘီ)(စီ)၊ ဆစ်ဖလစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်တဲ့ သွေးကိုသာ လူနာတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top