Viber က Facebook နှင့် စီးပွားရေးလုပ်ဆောင်ချက်များကို ဖျက်သိမ်း

facebook-viber.png

Rakuten Viber က Facebook နှင့်ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မနေ့ကထုတ်ပြန်ကြေညာခဲ့သည်။ အဲဒီ messaging app က နာမည်ကြီး Facebook ကို သပိတ်မှောက်/ဆန့်ကျင်ဆန္ဒပြသည့် #StopHateForProfit လှုပ်ရှားမှုကို အရှိန်မြှင့်တင်လုပ်ဆောင်၍ Facebook နှင့် ချိတ်ဆက်ပြီး အသုံးပြုမှုများ၊ Facebook ဆိုင်ရာ ဆော့ဖ်ဝဲလ်ဖန်တီးမှု ကိရိယာများနှင့် GIPHY လုပ်ဆောင်ချက်များကို ဖယ်ရှားခြင်းနှင့်အတူ Facebook ကြော်ငြာအသုံးစရိတ်များကို ရပ်တန့်လိုက်မည်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က U.S. နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ချုပ် (the Anti-Defamation League) နှင့် NAACP တို့ အပါအဝင် အဖွဲ့အစည်း ၆ ခု ပါဝင်သော အုပ်စုက Facebook အနေဖြင့် အသုံးပြုသူများအပေါ် အမုန်းစကားရန်မှ (hate speech) ကာကွယ်မှု မပေးနိုင်ခြင်းကြောင့် Facebookမှာ ကြော်ငြာ ထည့်သွင်းအသုံးပြုသူများကို ဇူလိုင်လအတွင်း ကြော်ငြာအသုံးစရိတ်ကို ဖြတ်တောက်ကြရန် အဆိုပြုခဲ့သည်။

နိုင်ငံရေး အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှ Facebook အသုံးပြုသူ ၈၇ သန်း၏ ကိုယ်ရေးအချက်အလက်များကို မမှန်ကန်သော နည်းဖြင့် ကောက်ယူခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် Cambridge Analytica အရှုပ်တော်ပုံ အပါအဝင် ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုများအပြီး ယခုလက်ရှိဖြစ်ပေါ်နေသည့် Facebookရဲ့ အမုန်းစကား (hate-speech) ပြဿနာက Viber ၏ ယုံကြည်ချက်နှင့် သွေဖီနေသောကြောင့် Viber အနေဖြင့် #StopHateForProfit လှုပ်ရှားမှုကို ထောက်ခံသည့် နောက်တစ်ဆင့်အနေဖြင့် Facebook နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်သွားမည်ဖြစ်သည်။

Facebook ပေါ်တွင် Viber အက်ပလီကေးရှင်းနှင့်ပတ်သတ်သည့် ‌လုပ်ဆောင်ချက်များအားလုံးကို ၂၀၂၀ ခုနှစ် ဇူလိုင်လ အစတွင် အပြီးဖယ်ရှားနိုင်မည်ဟု ခန့်မှန်းထားပြီး Facebook ရှိ ကြော်ငြာ အသုံးစရိတ်များကို ယခုချက်ချင်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top