တစ်နေ့ကို အကြိမ်ရေ ၁ သိန်းကျော် လှုပ်ရှားရတဲ့ မျက်လုံးကြွက်သား

10.8.23-yyl-5.jpg

လူ့ခန္ဓာကိုယ်မှာ လှုပ်ရှားမှုအများဆုံး လုပ်ရတာကတော့ မျက်လုံးကြွက်သားပါပဲ။ တစ်နေ့ကို အကြိမ်ရေ ၁ သိန်းကျော် လှုပ်ရှားနေရတာ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် လူတစ်ဦးဟာ တစ်မိနစ်မှာ ၁၅ ကြိမ်ကနေ အကြိမ် ၂၀ ကြား မျက်တောင်ခပ်လေ့ရှိပြီး မျက်တောင်ခပ်လိုက်ချိန်တိုင်းနဲ့ ဦးခေါင်း လှုပ်ရှားပြီးချိန်တိုင်းမှာ မျက်လုံးအနေအထား တည့်မတ်နေအောင် မျက်လုံးကြွက်သားတွေက ချိန်ညှိပေးရပါတယ်။

မျက်လုံးကြွက်သားတွေဟာ လူ့ခန္ဓာကိုယ်မှာ အမြန်ဆုံးနဲ့ အသန်မာဆုံး ကြွက်သားတွေလည်း ဖြစ်ပါတယ်။ လိုအပ်တဲ့အနေအထားထက် အဆ ၁၀၀ ပိုသန်မာပါတယ်။ မျက်လုံးဟာ ဦးနှောက်ပြီးရင် လူ့ခန္ဓာကိုယ်မှာ ဒုတိယမြောက် အဆန်းပြားဆုံး၊ အရှုပ်ထွေးဆုံး အင်္ဂါအစိတ်အပိုင်းပါ။

Ref: The most active muscle in your body

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply