ပြင်သစ်နိုင်ငံမှာ စပါးအုံးမြွေ လွတ်သွားလို့ ဒေသခံတွေ ထိတ်လန့်ခဲ့ရ

26-6-2020-yyl-031.jpg

ပြင်သစ်နိုင်ငံ ရန်းနက်စ်မြို့မှာ ၃ ပေ ရှည်လျားတဲ့ စပါးအုံးမြွေတစ်ကောင် လွတ်သွားလို့ ဒေသခံတွေ ထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ရန်းနက်စ်မြို့လယ်မှာရှိတဲ့ ရူးဒူပရီပါရှေးအရပ်မှာ လှောင်အိမ်ထဲကနေ စပါးအုံးမြွေ လွတ်မြောက်သွားခဲ့တာပါ။ အဲဒီအဆောက်အအုံမှာ နေထိုင်သူတွေအနေနဲ့ ကလေးငယ်တွေကို အိမ်ပြင်ဘက်မှာ တစ်ယောက်တည်း မထားကြဖို့ သတိပေးခဲ့ကြပါတယ်။ အခုအချိန်အထိတော့ စပါးအုံးမြွေကို ရှာမတွေ့သေးပါဘူး။

” ကျွန်မက လှောင်အိမ်တံခါးကို ပိတ်ဖို့မေ့သွားတာပါ။ တိုက်တန်းလျားတစ်ခုလုံး နှံ့နေအောင် ရှာပြီးပြီ။ မီးသတ်တပ်ဖွဲ့ကိုလည်း သတင်းပို့ပြီးပြီ။ ဒါပေမဲ့ သူတို့ဆီမှာ မြွေဖမ်းပေးတဲ့သူမရှိဘူးလို့ ပြောတယ်”လို့ မြွေပိုင်ရှင်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top