လာမယ့်တစ်ပတ်မှာ COVID-19 ‌ကြောင့် သေဆုံးရတဲ့ အမေရိကန်နိုင်ငံသားအရေအတွက်က ဗီယက်နမ်စစ်ပွဲရဲ့ ကျဆုံးသူစာရင်းထက် ပိုများဖွယ်ရှိ

intlyyl05.jpg

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်က ၅၀၀၀၀ ကျော်လွန်သွားခဲ့ပါပြီ။ လက်ရှိအချိန်အထိ ရောဂါကူးစက်ပျံ့နှံ့မှု သိသိသာသာ ကျဆင်းခြင်းမရှိသေးလို့ နောက်ထပ်လူသောင်းချီ သေဆုံးဖွယ်ရှိနေသေးတယ်လို့ ခန့်မှန်းထားကြပါတယ်။ လာမယ့်ရက်သတ္တပတ်ကျရင် COVID-19 ကြောင့် အမေရိကန်နိုင်ငံရဲ့ သေဆုံးသူပမာဏက ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည် အရေအတွက်ထက် ပိုများဖွယ်ရှိနေပါတယ်။ ၁၉၅၄ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ ကြာမြင့်တဲ့ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်သည် ၅၈၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာတော့ ၃၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အခုနောက်ဆုံး ထွက်ရှိလာတဲ့ အချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်က မူလထင်မှတ်ထားတာထက် ပိုများဖွယ်ရှိပါတယ်။ နယူးယော့ခ်ပြည်နယ်ရဲ့ ပထမဆုံး COVID-19 လူနာကို မတ်လ ၁ ရက်နေ့မှ စတင်တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက နယူးယော့ခ်မြို့မှာ COVID-19 ကူးစက်ခံထားရသူ ၁၀၀၀၀ ကျော် ရှိနေပြီလို့ အရှေ့မြောက်တက္ကသိုလ်ရဲ့ သုတေသီတွေက သုံးသပ်ထားပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top