၀န်ထမ်းတွေကို ဒေါ်လာ ၂ သိန်းအထိ ဆုကြေးပေးခဲ့တဲ့ကုမ္ပဏီ

19-12-2022-yyl-72.jpg

ဥယျာဉ်မြေပြုပြင်ထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို ဂုဏ်ပြုဆုကြေးငွေ ဒေါ်လာ ၂၈ သန်းအထိ ချီးမြှင့်ပြီး အံ့အားသင့်အောင် လုပ်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၈ ခုမှာ လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ Ruppert Landscape ကုမ္ပဏီက အနည်းဆုံးလုပ်သက် တစ်နှစ်ရှိတဲ့ ဝန်ထမ်းပေါင်း ၁၂၀၀ ကို ဂုဏ်ပြုဆုကြေးငွေတွေ ပေးအပ်ခဲ့တာပါ။ ဝန်ထမ်းတစ်ဦးချင်းစီဟာ ဆုကြေးငွေ ဒေါ်လာ ၇၀၀၀ ကနေ ဒေါ်လာ ၂၀၀၀၀၀ အထိ ရရှိခဲ့ကြပါတယ်။

ခရိတ်ရူးပတ်ဟာ ၁၉၇၀ ပြည့်နှစ် အစောပိုင်းမှာ သူ့မိဘတွေရဲ့ နေအိမ်ဂိုဒေါင်ကို ကုမ္ပဏီရုံးခန်းအဖြစ် အသုံးပြုပြီး လုပ်ငန်းစတင်ဆောင်ရွက်ခဲ့တာပါ။ နှစ် ၅၀ ကျော်အကြာမှာတော့ ဝန်ထမ်း ၂၀၀၀ ကျော် ခန့်အပ်နိုင်တဲ့အထိ ကြီးထွားလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Knox Lane နဲ့ပါ ပူးပေါင်းနိုင်ခဲ့ပါတယ်။

Ref:Landscaping Company Surprises Employees With Bonuses Up To $200k

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top