မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးထားပြီး လက်ရှိကြည့်ရှုနှုန်းများနေတဲ့ ထိုင်းဇာတ်လမ်းတွဲ

22-5-2020-yyl-050.jpg

အခုတစ်ခေါက်မှာ စာဖတ်ပရိသတ်တွေကို အိမ်မှာနေရင်း စိတ်အပန်းပြေစေဖို့အတွက် လက်ရှိထုတ်လွှင့်ပြသပေးနေတဲ့ ထိုင်းဇာတ်လမ်းတွဲအကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်။ အဲဒါကတော့ My Husband in Law ဆိုတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး မြန်မာနိုင်ငံက ရန်ကုန်၊ အင်းလေး၊ပုဂံတို့မှာ လာရောက်ရိုက်ကူးသွားတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ရိုမန်ဟာသဇာတ်လမ်းတွဲလေးဖြစ်တဲ့အတွက် လူငယ်တွေသေချာပေါက်ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးဖြစ်ပြီး ထိုင်းမင်းသားမင်းသမီးချောချောလေးတွေနဲ့ မြန်မာနိုင်ငံရဲ့ရှုခင်းလှလှလေးတွေကို တဝကြီးမြင်တွေ့ခွင့်ရမှာပါ။ အခုလို ထိုင်းဇာတ်လမ်းတွဲမှာ မြန်မာနိုင်ငံရဲ့အမိုက်စားရှုခင်းတွေပါလာတဲ့အတွက် နိုင်ငံတကာကပရိသတ်တွေက မြန်မာနိုင်ငံကို စိတ်ဝင်စားလာတော့မှာတော့ အမှန်ပါပဲ။

ဒီဇာတ်လမ်းတွဲရဲ့ဇာတ်အိမ်လေးက ဘယ်လိုမျိုးလဲဆိုရင် အမေတစ်ခုသမီးတစ်ခု ဘဝကိုဖြတ်သန်းနေတဲ့မိန်းမချောလေး Mueyဟာ သူ့အမေရဲ့သူငယ်ချင်းသား Thien ကို ကြိတ်ကြိုက်နေတဲ့ပုံစံလေးပါ။ မိဘချင်းက အရမ်းရင်းနှီးတဲ့အတွက် Muey က Thien ရဲ့အိမ်မှာ နေဖြစ်ခဲ့ပါတယ်။ Muey ကသာ Thien ကို ကြိတ်ကြိုက်နေပေမယ့် Thien က Muey ကို ညီမလေးတစ်ယောက်လိုပဲသဘောထားခဲ့တာပါ။ တစ်နေ့မှာ Thienက အိမ်ထောင်ရှိအမျိုးသမီးနဲ့ ပွေရှုပ်မိတဲ့နောက် Muey နဲ့လက်ထပ်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ အဲဒီအမျိုးသမီးယောက်ျားရဲ့ဒုက္ခပေးတဲ့အန္တရာယ်ကနေ Thienက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် လက်ထပ်ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာ Thien နဲ့ Muey တို့ရဲ့ရယ်စရာဟာသအခန်းလေးတွေလည်းမြင်ရမှာပါ။

အဲဒီလိုနဲ့ Thien က ဆောက်လုပ်ရေးကုမ္ပဏီရဲ့ဗိသုကာပညာရှင်၊ Muey ကတော့ အတွင်းပိုင်းဒီဇိုင်နာဖြစ်တဲ့အတွက် ထားဝယ်ဆောက်လုပ်ရေးပရောဂျက်အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီအခန်းကစပြီး မြန်မာနိုင်ငံရဲ့ရှုခင်းတွေကို မြင်တွေ့ရတော့မှာပါ။ မြန်မာနိုင်ငံမှာသူတို့နှစ်ယောက်ဘာတွေဖြစ်ပြီး နောက်ပိုင်း ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ လိုင်းပေါ်ကနေ ဆက်လက်ရှုစားလိုက်ကြပါနော်။

ဒီဇာတ်လမ်းတွဲမှာ ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီး Mew Nittha တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိထုတ်လွှင့်ပြသပေးနေပြီး အပိုင်း (၁၆) ပိုင်းပါဝင်ပါတယ်။ အခုဆိုထုတ်လွှင့်ပြသနေတာ အပိုင်း (၉) ထိရောက်ရှိနေပါပြီ။ မေလ(၁၉) ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်း (၉) ဟာ လက်ရှိထိုင်းနိုင်ငံမှာ (၄.၅) ရာခိုင်နှုန်းနဲ့ ကြည့်ရှုနှုန်းများနေပါတယ်။ ဒီဇာတ်လမ်းတွဲက တွစ်တာမှာလည်း လူကြိုက်များနေပြီး ထိုင်းနိုင်ငံမှာ နံပါတ် (၁) နဲ့ ကမ္ဘာတစ်ဝှမ်းမှာ နံပါတ် (၆) နေရာကို ရောက်ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲကို စာဖတ်ပရိသတ်တွေက ကြည့်ရှုချင်ရင်တော့ ဖေ့စ်ဘွတ်ခ်ပေါ်က ဇာတ်လမ်းတွဲပေ့ချ်တွေမှာ မြန်မာစာတန်းထိုးနဲ့ ရှာဖွေကြည့်ရှုလို့ရပါတယ်နော်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top