မွေးနေ့မှာ ယာဉ် (၆၅၁) စီး တန်းစီရောက်လာပြီး ဂုဏ်ပြုခံရတဲ့ ကင်ဆာရောဂါသည်ကောင်လေး

27-5-2020-yyl-025.jpg

အသက် (၈) နှစ်အရွယ်ကောင်လေးအတွက် မွေးနေ့ Surprise ကတော့ ယာဉ် (၆၅၁) စီး စီတန်းရောက်ရှိလာတာပါပဲ။ ရိုင်လေ ရက်ဂျ်နီအက် ဆိုတဲ့ အဲဒီကောင်လေးက ကင်ဆာရောဂါကို တွန်းလှန်နေရတာပါ။ ဒုတိယအကြိမ်မြောက် ကင်ဆာရောဂါကို တွန်းလှန်နိုင်တဲ့အတွက်ရော မွေးနေ့အတွက်ပါ ကားနဲ့မော်တော်ဆိုင်ကယ် ရာပေါင်းများစွာ ရောက်ရှိလာပြီး သူ့ကို ဂုဏ်ပြုပေးခဲ့ပါတယ်။ အလှစီးကားတွေကတောင် ရိုင်လေကို ဂုဏ်ပြုပေးဖို့အတွက် ရောက်လာပေးခဲ့ပါတယ်။

“သားက ရယ်မောပျော်ရွှင်စွာနဲ့ ကားတိုင်းကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ ကျွန်မအတွက် ခံစားချက်မျိုးစုံဖြစ်ခဲ့ပါတယ်။ သူ့ကို ကျွန်မတို့အသိုင်းအဝိုင်းက ချစ်တာကို ကျွန်မတို့သိပါတယ်။ ဒါပေမဲ့ လက်ဆောင်တွေ၊ ပူဖောင်းတွေလောက်ပဲထင်တာ၊ ဒါက အံ့သြစရာပါပဲ” လို့ ရိုင်လေရဲ့မိခင် အက်ရှလေက ပြောပါတယ်။ ရိုင်လေက ၂၀၁၇ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ အဆင့် (၄) Neuroblastoma ကင်ဆာရောဂါ ကို ခံစားခဲ့ရပါတယ်။ ကင်ဆာအကြိတ်ကို သူ့ရဲ့အစာအိမ်မှာတွေ့ခဲ့ရသလို သူ့ရဲ့အရိုးခြင်ဆီမှာလည်း ရှိတယ်လို့ ရိုင်လေရဲ့မိဘတွေက ပြောပါတယ်။

ရိုင်လေက Penn State Health Milton S. Hershey Medical Center မှာ ဆေးကုသမှုခံယူခဲ့ရပြီး ၂၀၁၉ခုနှစ်မှာ အရိုးခြင်ဆီမှာ ကင်ဆာဆဲလ်တွေ ပြန်တွေ့ခဲ့ရပါတယ်။ ရိုင်လေက ဓာတုကုသအကြိမ်ပေါင်းများစွာခံယူခဲ့ရသလို ပင်မဆဲလ်အစားထိုးမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။ သူ့ဘဝက အတက်အကျတွေရှိခဲ့ပေမယ့် သူ့စိတ်သဘောထားက မယုံနိုင်လောက်စရာပါပဲ။ သူက သူ့ဘဝကို ချစ်မြတ်နိုးရှာပါတယ်။ မိဘတွေကလည်း သူတို့သားမှာ ကင်ဆာရောဂါပြန်ပေါ်လာတဲ့အခါမှာ ကြံ့ကြံံ့ခိုင်နိုင်ကြပါတယ်။

နောက်ကျောမှာ ရိုင်လေရဲ့စာသားရိုက်နှိပ်ထားတဲ့တီရှပ်ကို မွေးနေ့အမှတ်တရအဖြစ် သူ့မိသားစုက ဝတ်ဆင်ကြပါတယ်။ ရိုင်လေရဲ့ကင်ဆာရောဂါက နောက်ထပ်ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက ရောဂါလက္ခဏာမတွေ့ရသေးဘူးလို့ အက်ရှလေက ပြောပါတယ်။ ရိုင်လေမိဘတွေက ရိုင်လေရဲ့မွေးနေ့ကို ဂုဏ်ပြုပေးတဲ့အတွက်ရော ရောဂါသက်သာနေပြီဆိုတဲ့ ကောင်းသတင်းအတွက်ပါ အရမ်းပျော်ရွင်နေကြပါတယ်။ မိသားစုရဲ့မိတ်ဆွေ ဘရစ်နီ ဟတ်ဒန်က ပွဲအခမ်းအနားကို ဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး မျက်မြင်ကိုယ်တွေ့ရတာ အတိုင်းအထက်အလွန်ပါပဲလို့ ပြောပါတယ်။ “ဒါက ဘဝတစ်သက်တာမှာ အကြာကြီးရှိနေမယ့်အမှတ်တရပါပဲ။ မိသားစုအတွက် ပိုပြီး ထိုက်တန်တဲ့အတွက် အမှတ်တရတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”လို့ ဘရစ်တနီက ပြောပါတယ်။ ရိုင်လေကလည်း သူ့ဘဝမှာ ကြုံတွေ့ခဲ့ဖူးတဲ့ အကောင်းဆုံးမွေးနေ့ပါပဲတဲ့။

Ref: 651 vehicles show up for surprise birthday of 8-year-old fighting cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top