ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးရင် အနီကတ်ပြနိုင်တယ်လို့ စည်းမျဉ်းထုတ်ပြန်

4-8-2020-yyl-011.jpg

တခြားအသင်း ကစားသမားတွေ ဒါမှမဟုတ် ဒိုင်တွေဘေးမှာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးတဲ့ ကစားသမားတွေကို အနီကတ်ပြနိုင်တယ်လို့ ဘောလုံးစည်းမျဉ်းရေးဆွဲသူတွေနဲ့ အက်ဖ်အေက ပြောခဲ့ပါတယ်။ တမင်တကာ ချောင်းဆိုးတဲ့ လုပ်ရပ်ဟာ ဆဲရေးတိုင်းထွာတာ၊ ကိုယ်အမူအရာ ကြမ်းတမ်းတာ စတဲ့ လုပ်ရပ်တွေနဲ့ တစ်တန်းတည်း သတ်မှတ်ရမယ်လို့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့(Ifab)က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ အခုလို စည်းမျဉ်းထုတ်ပြန်ခဲ့တာပါ။

” မတော်တဆလုပ်တာဆိုရင်တော့ ကွင်းလယ်ဒိုင်က အရေးယူမှာမဟုတ်ပါဘူး။ ကစားသမားတွေကြားမှာ ခပ်ဝေးဝေးနေရာကနေ ချောင်းဆိုရင်လည်း အရေးယူမှာမဟုတ်ပါဘူး။ ရန်စရာရောက်တဲ့ ခပ်နီးနီးနေရာကနေ ချောင်းဆိုးရင်တော့ ကွင်းလယ်ဒိုင်က အရေးယူမှာပါ”လို့ (Ifab)က ထုတ်ပြန်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top