ဆန်ချိုကို ခေါ်ချင်ရင် သြဂုတ်လ ၁၀ ရက် နောက်ဆုံးထား လုပ်ဆောင်ရမယ်လို့ ဒေါ့မွန် သတ်မှတ်

4-8-2020-yyl-010.jpg

နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်း အဓိကပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ဂျာဒန်ဆန်ချိုကို ခေါ်ယူချင်ရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး စာချုပ်ချုပ်ဆိုရမယ်လို့ ဒေါ့မွန်အသင်းက သတ်မှတ်ခဲ့ပါတယ်။ အသက် ၂၀ ပဲ ရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော် လိုချင်တယ်လို့ ဒေါ့မွန်အသင်းက ပြောထားပြီး ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုမရသေးပါဘူး။ ဒါပေမဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စမှာ ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၂၀၂၀-၂၁ ရာသီအတွက် ပြင်ဆင်မှုတွေကို အနှောင့်အယှက် မဖြစ်စေချင်လို့ ဆန်ချိုရဲ့အပြောင်းအရွှေ့ကိစ္စကို နောက်ဆုံးရက် သတ်မှတ်လိုက်တာလို့ ဒေါ့မွန်က ပြောပါတယ်။ လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်မှာ စတင်ကစားမှာဖြစ်ပြီး နိုင်ငံတကာအပြောင်းအရွှေ့ကိစ္စတွေကိုတော့ အောက်တိုဘာလ ၅ ရက်အထိ လှုပ်ရှားခွင့်ပေးထားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မန်စီးတီးကနေ ဒေါ့မွန်ကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ၁၇ ဂိုးသွင်းပြီး ၁၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သူပါ။ ဒေါ့မွန်ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ဘာမင်ဂမ်အသင်းကနေ ပေါင်သန်း ၃၀ ကျော်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top