ဘောလုံးလောကရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာတဲ့ ရော်နယ်ဒို

21-1-2021-yyl-18.jpg

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ဟာ ဘောလုံးလောကရဲ့ ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ နံပါတ် ၁ နေရာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မနေ့ညက နာပိုလီအသင်းနဲ့ ကစားခဲ့တဲ့ အီတလီစူပါဖလား ဗိုလ်လုပွဲစဉ််မှာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၇၆၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဩစတြီးယား-ချက် တိုက်စစ်မှူးကြီး ဂျိုးဇပ် ဘိုင်ကန် တင်ရှိထားတဲ့ ၇၅၉ ဂိုးဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ အသက် ၃၆ အရွယ် ရော်နယ်ဒို ဟာ သူ့အရွယ်နဲ့မလိုက်အောင် သွင်းဂိုးတွေကို ရာသီတိုင်းလိုလို သွင်းနိုင်ခဲ့သူပါ။ ဒီရာသီမှာလည်း ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူပေးထားပါတယ်။

Ballon d’Or ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒို ဟာ သူပြောင်းရွှေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ စတဲ့ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးခြေစွမ်းကို အမြဲလိုလိုပြသခဲ့သူဖြစ်ပါတယ်။ သေချာတာကတော့ ရော်နယ်ဒို ဟာ ဘောလုံးလောကရဲ့ စံချိန်မှတ်တမ်းတွေကို တစ်ခုချင်းချိုးဖြတ်နေပြီး သူအနားမယူခင် ရနိုင်သမျှစံချိန်မှတ်တမ်းတွေ အားလုံးကိုရယူသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဘောလုံးလောကရဲ့ ခြွင်းချက်မရှိ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။

ရော်နယ်ဒို ရဲ့ အသင်းအလိုက် သွင်းဂိုးမှတ်တမ်း
စပို့တင်းလစ္စဘွန်း – ၅ ဂိုး
မန်ယူ – ၁၁၈ ဂိုး
ရီးရဲလ် – ၄၅၀ ဂိုး
ဂျူဗင်တပ်စ် – ၈၅ ဂိုး
ပေါ်တူဂီ – ၁၀၂ ဂိုး

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top