ကမ္ဘာကျော်အပြုံးမျက်နှာပုံရဲ့နောက်ကွယ်က ဇာတ်လမ်းလေး

20.7.23-yyl-10.jpg

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဝေါ်ဆက်စတာမြို့က ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဟာ အထင်ကရအပြုံးမျက်နှာပုံလေးကို ၁၉၆၈ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။ သူက ဟာဗေး ရို့စ် ဘောလ်ဆိုသူပါ။ The State Mutual Life Assurance Company ဆိုတဲ့ အာမခံကုမ္ပဏီက အခြားအာမခံကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းခဲ့တာကြောင့် သဘောမကျဖြစ်နေတဲ့ ဝန်ထမ်းတွေကြား စိတ်ဓာတ်မြှင့်တင်ဖို့ ဂရပ်ဖစ်တစ်ခုဖန်တီးဖို့ ဟာဗေးကို တာဝန်ပေးခဲ့တာပါ။

ဟာဗေးက အပြုံးမျက်နှာပုံကို ၁၀ မိနစ်မပြည့်မှီ ပြီးစီးခဲ့ပြီး အဲဒီအတွက် ၄၅ ဒေါ်လာ ရခဲ့ပါတယ်။ The State Mutual Life Assurance Company (အခု Allmerica Financial Corporation) က သူတို့ရဲ့ဝန်ထမ်းတွေ ပိုပြီးပြုံးပျော်ရွှင်လာဖို့ ကြိုးစားတဲ့အနေနဲ့ အပြုံးမျက်နှာပုံကို ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ၊ ရင်ထိုး၊ ကြယ်သီးတွေ ထုတ်ခဲ့ပါတယ်။ ဒီအပြုံးမျက်နှာပုံ လိုဂိုအသစ်က ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးသလား မသေချာပေမဲ့ ဟာဗေးရဲ့အပြုံးမျက်နှာပုံလေးက ချက်ချင်း နာမည်ကြီးသွားခဲ့ပြီး ကုမ္ပဏီက အပြုံးမျက်နှာပုံပါ ရင်ထိုးထောင်ချီထုတ်ခဲ့ပါတယ်။

အပြုံးမျက်နှာပုံကို အတုခိုးပြီးထုတ်ကြတာတွေရှိပေမဲ့ ဟာဗေး ဖန်တီးထားတဲ့ အစစ်အမှန်အပြုံးမျက်နှာကို အဲ့ဒါရဲ့ထူးခြားတဲ့အင်္ဂါရပ်တွေ(မျက်လုံးတွေက ကျဉ်းမြောင်းပြီး ဘဲဥပုံစံ၊ မျက်လုံးတစ်လုံးက အခြားတစ်ခုထက်ပိုကြီးတယ်၊ ပြုံးနေတဲ့ပါးစပ်က မသေသပ်ဘူး၊ မိုနာလီဆာပါးစပ်နဲ့တူတယ်)နဲ့ ခွဲခြားနိုင်တယ်လို့ The Worcester Historical Museum ရဲ့အမှုဆောင်ဒါရိုက်တာ ဘီလ် ဝေါလစ်က ဆိုထားပါတယ်။

ဟာဗေးရော The State Mutual Life Assurance Company ကပါ ဒီအပြုံးမျက်နှာဒီဇိုင်းကို မူပိုင်ခွင့်ရဖို့ မလုပ်ခဲ့ကြပါဘူး။ ဟာဗေးက ၂၀၀၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့မှာ အသည်းရောဂါနဲ့ သေဆုံးသွားခဲ့တာပါ။ သူ သေဆုံးချိန်မှာ အသက် ၇၉ နှစ်ပါ။

Ref: The Story Of The 2nd Most Iconic Smile In The World

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top