သေဆုံးချိန်မှာ ခန္ဓာကိုယ် အစိတ်ပိုင်းတွေ လှူဒါန်းဖို့ ကတိပြုတဲ့လူနာကို လူဒါဇင်နဲ့ချီ မတ်တပ်ရပ် ဂုဏ်ပြု

43336518_2043669249022538_364196802745860096_n.jpg

အိုင်ဒါဟိုပြည်နယ် မီရီဒါရီယမ်မြို့ရှိ စိန့်လူကီဆေးရုံမှာ အခြားသူတွေကို ကယ်တင်နိုင်ဖို့ သေဆုံးချိန်မှာ ခန္ဓာကိုယ် အစိတ်ပိုင်းတွေကို လှူဒါန်းမယ်လို့ ကတိပြုထားတဲ့လူ တစ်ဦးကို လူအများစုက ဆေးရုံ လျှောက်လမ်းတစ်လျှောက်မှာ မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၃ နှစ် အရွယ်လူနာရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထုတ်ဖို့ ခွဲစိတ်ခန်းကို သွားရောက်ချိန်မှာ ခွဲစိတ်ခန်းအဝမှာ ဆေးရုံဝန်ထမ်းတွေက နုတ်ဆက်ကာ ဂုဏ်ပြု မတ်တပ်ရပ်နေခဲ့ပါတယ်။ ဆေးရုံက ထုတ်လွှင့်တဲ့ ရုပ်သံဖိုင်ထဲမှာတော့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေ လှူဒါန်းဖို့ သဘောတူညီထားတဲ့လူကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဆေးရုံဝန်ထမ်းတွေက လေးစားမှုကို ပြသနေခဲ့တာကို အထင်အရှားတွေ့ရပါတယ်။

လူနာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်ပိုင်းကို လှူဒါန်းခဲ့တယ်ဆိုတဲ့အချက်ကို အတိအကျမသိသေးပါဘူး၊ အခုလိုမျိုး လေးစားမှုပြသမှုအဖြစ် မတ်တပ်ရပ် ဂုဏ်ပြုတာဟာ လူကီဆေးရုံရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်။ ရုပ်သံဖိုင်တွေမှာ လူနာကို တွန်းလှည်းနဲ့ခေါ်ဆောင်လာချိန်မှာ ဂုဏ်ယူလေးစားမှုကို ပြသမှုအဖြစ်လူဒါဇင်ချီက မတ်တပ်ရပ်နေခဲ့ကြတာပါ။

အရေးပေါ်ခန်းတွင်းက ပြန်ထွက်လာချိန်မှာ လူနာရဲ့ဘေးကနေ လူအများအပြား လိုက်ပါလာခဲ့ပြီး ဆရာဝန်အချို့ကတော့ မျက်ရည်ကျနေခဲ့ပါတယ်။ မိသားစုဝင်တွေက လူနာရဲ့အမည်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပေမဲ့ လူနာကတော့ သူမသေဆုံးခင် ရုပ်သံဖိုင် ရိုက်ကူးတာကို ခွင့်ပြုခဲ့ပါတယ်။ သေဆုံးပြီးနောက် ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြန်လှူဒါန်းတဲ့အရေအတွက်ဟာ ဧပြီလနောက်ပိုင်းကတည်းက ဗြိတိန်နိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။

Ref: dailyamil “Silent walk of honour for a dying organ donor”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top