ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို တိုက်ခိုက်ဖို့ ရုရှားနိုင်ငံက အာကာသထဲ လက်နက်တွေစမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

23-7-2020-yyl-024.jpg

ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့ လက်နက်ပုံစံ ဒုံးကိရိယာကို အာကာသထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ကိရိယာဟာ ပတ်လမ်းသွား ဂြိုဟ်တုဖျက်လက်နက် ဖြစ်ဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ ရုရှားနိုင်ငံရဲ့ အာကာသကိရိယာတွေကို စစ်ဆေးမှုလုပ်ဖို့အတွက် နည်းပညာသစ်ကို အသုံးပြုနေတယ်လို့ အစောပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံကလည်း ရုရှားနိုင်ငံရဲ့ ဂြိုဟ်တုလှုပ်ရှားမှု သစ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံက အာကာသထဲကို လက်နက်ကိရိယာတွေ စမ်းသပ်ပစ်လွှတ်နေတယ်လို့ ဗြိတိန်နိုင်ငံက စွပ်စွဲခဲ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

” ရုရှားနိုင်ငံက သူတို့ရဲ့အာကာသအတွင်း တန်ပြန်လှုပ်ရှားရေးစီမံကိန်းကို မရပ်တန့်ဘဲ အမေရိကန်နိုင်ငံရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်ဖို့ ရည်မှန်းနေပါတယ်”လို့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာလုံခြုံရေးနဲ့ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခရစ္စတိုဖာဖို့ဒ်က ပြောပါတယ်။ အာကာသအပေါ်လွှာကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပဲ ရှာဖွေမှုတွေလုပ်သင့်တယ်ဆိုတဲ့ အာကာသသဘောတူစာချုပ်ကို ရုရှား၊ ဗြိတိန်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေ အပါအဝင် နိုင်ငံ ၁၀၀ ကျော်က ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top