တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ပထမဆုံး ဖော်ကောင်လုပ်ခဲ့တဲ့ ဒေါက်တာလီဝမ်လျံကို တရုတ်အစိုးရက အာဇာနည်ဘွဲ့ ပေးအပ်

intltoday001.jpg

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်တွန်းလှန်ရင်း ကွယ်လွန်သွားခဲ့တဲ့ အာဇာနည်တွေအတွက် လာမယ့်စနေနေ့မှာ တရုတ်နိုင်ငံက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

အောက်မေ့တသခြင်း အခမ်းအနားပြုလုပ်နေချိန်မှာ တရုတ်နိုင်ငံ အလံတွေကို တစ်ဝက်ပဲ လွှင့်ထူမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိနေသူတွေက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၃ မိနစ် ငြိမ်သက်ရမှာပါ။ ” ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ လေကြောင်းအချက်ပြ ဥသြဆွဲသံတွေ၊ ကားဟွန်းတီးသံ၊ ရထား၊ သင်္ဘောဥသြသံတွေ လုပ်မှာပါ”လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ SARS ရောဂါနဲ့ အလားသဏ္ဍာန်တူတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတာကို ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့သူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာလီဝမ်လျှံကို အာဇာနည်ဘွဲ့ ပေးအပ်ချီးမြှင့်လိုက်တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ တရုတ်နိုင်ငံ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ လီဝမ်လျံဟာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ဖော်ကောင်လုပ်ခဲ့လို့ အာဏာပိုင်တွေရဲ့ ခံဝန်ကတိထိုးခိုင်းခြင်းခံခဲ့ရပြီး COVID-19 ရောဂါကြောင့် ဖေဖော်ဝါရီလ ၇ ရက်က ကွယ်လွန်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top