တီးတိန်မြို့က ရွာကို Lock Down လုပ်ပြီ

24-3-2020-yyl-020.jpg

COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီလို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သူနဲ့ ထိတွေ့ခဲ့သူအားလုံးကိုလည်း သီးသန့်ခွဲခြားပြီး Quarantine စတင်လုပ်ဆောင်နေပြီးတော့ တီးတိန်ကနေ အလန့်တကြားနဲ့ စစ်ကိုင်းဘက်ဆင်းသွားတာတွေကိုလည်း ကန့်သတ်ထားလိုက်ပြီလို့ ဦးဇော်ဌေးက ဆိုထားပါတယ်။ ”ကလေး-တီးတိန် အဝင်အထွက်တွေ ကန့်သတ်မယ်။ စစ်ကိုင်းတိုင်းအဝင် တံတားကြီးတွေမှာ ကျန်းမာရေးစစ်ဆေးမယ်၊ ထူးခြားရင် Quarantine လုပ်ပါမယ်။ ပြည်တော်ပြန်တွေကို Home Quarantine ၁၄ ရက် ထားပါမယ်”လို့ ဦဇော်ဌေးက Facebook မှာ ရေးသားထားပါတယ်။

COVID-19 ရောဂါရှိသူတွေ တွေ့နေရပြီဖြစ်တဲ့အတွက် ထိန်းချုပ်ရေးအဆင့်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတဲ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဌာနတွေကလည်း ထိတွေ့သူတွေကို ရှာဖွေပြီး ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်နေကြတယ်လို့ သိရပါတယ်။ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက် တွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပေးကြပြီး အတူတကွရင်ဆိုင်ကြတာပေါ့လို့လည်း ဦးဇော်ဌေးက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top