Tuborg က မြန်မာနိုင်ငံရှိ မြို့ကြီး (၈) မြို့တွင် Fun Night နယ်လှည့်ဂီတဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမည်

64312271_2600848306594135_3861298353564286976_n.jpg

ဝယ်ယူအားပေးသူများအတွက် လန်းဆန်းပျော်ရွှင်ဖွယ် အကောင်းဆုံးအတွေ့အကြုံများ ပေးအပ်သွားနိုင်ရန် Tuborg သည် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့သို့ တစ်လကြာလှည့်လည်၍ Fun Night နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်သွားမည့် ဂီတခရီးစဉ် မိတ်ဆက်ခြင်းအခမ်းအနားအား ရန်ကုန်မြို့၊ Regional Gastro Bar တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ နယ်လှည့်ဂီတခရီးစဉ်တွင် Tuborg ၏ brand funbassador ဖြစ်သူ Raymond နှင့် ၎င်း၏ Idiots music band မှလည်း ပါဝင်အားဖြည့်သွားမည်ဖြစ်ပြီး နိုင်ငံတဝှမ်းရှိ ပြည်၊ မကွေး၊ မုံရွာ၊ မန္တလေး၊ လားရှိုး၊ နေပြည်တော်၊ တောင်ငူ နှင့် ရန်ကုန်မြို့များရှိ သတ်မှတ်ထားသော Tuborg Beer Stations များတွင် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် ဂီတခရီးစဉ်တစ်လျှောက်တွင် ဝယ်ယူအားပေးသူများ အတွက် ပရိုမိုးရှင်းအစီအစဉ်များနှင့် ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်သည်။ Raymond နှင့် Idiots အဖွဲ့၏ ဖျော်ဖြေမှုများ ပါဝင်သည့် Tuborg Fun Night များ ကျင်းပသွားမည့် အရောင်းဆိုင်များနှင့် နေ့ရက် များမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆိုပါ နယ်လှည့်ဂီတခရီးစဉ်တွင် ဝယ်ယူအားပေးသူများ ပိုမိုစိတ်လှုပ်ရှားစေရန်အတွက် Raymond နှင့် Idiots အဖွဲ့တို့နှင့် ပူးပေါင်း၍ သီဆိုဖျော်ဖြေခွင့်ရမည့်အစီအစဉ်တစ်ခုကိုလည်း Tuborg ကထည့်သွင်းပေးသွားမည် ဖြစ်သည်။ Idiots အဖွဲ့ သီဆိုဖျော်ဖြေနေစဉ်အချိန်တွင် ယ်ယူအားပေးသူများသည် ဘီယာတစ်ခွက် ဝယ်ယူမှုတိုင်းအတွက် ကံစမ်းမဲကူပွန်တစ်ခုစီ ရရှိမည်ဖြစ်ပြီး ဖျော်ဖြေပွဲပထမပိုင်းပြီးဆုံးချိန်တွင် ကံထူးရှင် (၃) ဦးအား ရွေးချယ်ကြေညာသွားမည် ဖြစ်သည်။ အဆိုပါကံထူးရှင် ၃ ဦးသည် Raymond၊ Idiots အဖွဲ့တို့နှင့် တွဲဖက်၍ သီဆိုဖျော်ဖြေခွင့်ရရှိသွားမည်ဖြစ်ပြီး အကောင်းမွန်ဆုံးသီဆိုဖျော်ဖြေနိုင်သူသည် Tuborg မှ ပေးအပ်သော အရည်အသွေးမြင့် က်ဆောင်များအား ရယူပိုင်ဆိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top