American Music Awards ဆန်ကာတင်စာရင်းမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့ The Weeknd

27-10-2020-yyl-009.jpg

ကနေဒါလူမျိုးဂီတအဆိုရှင် The Weeknd ကတော့ မနေ့ကထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၂၀ခုနှစ် American Music Awards ရဲ့ဆန်ကာတင်စာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။ The Weeknd က Aritst of the Year ဆုကြီးအပါအဝင် ဆု (၈) ဆုအတွက် ဆန်ကာတင်စာရင်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ တေလာဆွစ်တို့ထက်ကျော်ပြီး ဆန်ကာတင်စာရင်းရဲ့ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

The Weeknd ပြီးရင် အသက် (၂၂) နှစ်အရွယ်ရက်ပ်အဆိုတော် ရို့ဒီ ရီချ် (Roddy Ricch) ကလည်း ဆန်ကာတင်စာရင်းမှာ ဦးဆောင်နေတဲ့အပြင် အမျိုးသမီးအဆိုတော် မီဂန် သီ စတေးလီယန် (Megan Thee Stallion) ကလည်း ဆန်ကာတင်စာရင်းထဲ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။ စတေးလီယန်က Best New Artist နဲ့ Collaboration of the Year ဆုအပါအဝင် ဆု (၅) ခုအတွက် ဆန်ကာတင်စာရင်းထဲပါခဲ့တာပါ။

လက်တင်ဂီတက အခုနှစ်ရဲ့ဆန်ကာတင်စာရင်းမှာ Best Album, Best Song, Male and Female Artist လို တကယ့်ဆုကြီးတွေမှာ နေရာရရှိနေပါတယ်။ ပေါ်တိုရီကိုလူမျိုးအဆိုတော် ဘတ်တ် ဘန်နီ (Bad Bunny) ကလည်း ဆု (၂) ခုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အပြင် ကိုလံဘီယားလူမျိုး ဂျေ ဘယ်လ်ဗင် (J Balvin) ကလည်း Best Male Lation Artist အဖြစ် ဆန်ကာတင်စာရင်းထဲ ဝင်ခဲ့ပါတယ်။

Grammy ဆုပေးပွဲမှာ ဆု (၅) ဆု ရရှိခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဘီလ်လီ အီလစ်ချ်ကလည်း ဆု (၂) ဆုအတွက် လျာထားခံခဲ့ရပါတယ်။ ကေပေါ့စ်အဆိုဖွဲ့ BTS ကလည်း Best Group နဲ့ Favorite Social Artist ဆုတွေအတွက် ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ American Music Award မှာ ဆု (၂၉) ဆုရရှိထားတဲ့ ပေါ့စ်ဘုရင်မ တေလာဆွစ်ကလည်း အခုတစ်ခေါက်မှာလည်း ဆု (၄) ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ပရိသတ်တွေမဲပေးတဲ့ဆုတွေကိုတော့ နိုဝင်ဘာလ ၂၂ ရက်နေ့ ကျင်းပတဲ့ဆုပေးပွဲကြီးမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။

Ref: Tribune “The Weeknd leads American Music Awards nominations”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top