Scarlett Johansson အကြောင်း သင်မသိသေးတဲ့အရာများ

ss.jpg

မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ ဟောလိဝုဒ်သရုပ်ဆောင် Scarlett Ingrid Johanssonကို ၁၉၈၄ခု၊ နိုဝင်ဘာလ ၂၂ရက်နေ့က New York မြို့မှာ မွေးဖွားခဲ့ပါတယ်။ Marvel က Avengers အဖွဲ့ဝင် Black Widow အဖြစ် အများစုက သိထားကြတဲ့သူပါ။သူမဟာ၂၀၁၄ ကနေ ၂၀၁၆ခုနှစ် အထိ အနုပညာကြေး အမြင့်ဆုံး သရုပ်ဆောင် စာရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အခုပြောပြမှာက သူ့ရဲ့ ထူးထူးဆန်းဆန်း အမူအကျင့်လေးတွေ အကြောင်းပါ။

နိုင်ငံရေးစိတ်ဝင်စားသူ

Johansson ဟာအမေရိကန်သမ္မတဟောင်း Barack Obama ရဲ့သမ္မတရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုတွေမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ ကာလတစ်လျှောက် ထောက်ခံမှုတွေ လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Hillary Clinton ရဲ့ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာလည်း ပံ့ပိုး ပါဝင်ခဲ့ပါသေးတယ်။ Johanssonဟာ အင်တာဗျူးတစ်ခုမှာ “ကျွန်မအနေနဲ့ ဒေသန္တရနိုင်ငံရေးနဲ့ ပတ်သတ်ပြီး အမြဲ စိတ်ပါဝင်စားမှုရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သမီးငယ်လေးရယ်၊ အနုပညာလုပ်ငန်းတွေရယ်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်အချိန်ကောင်းမဟုတ်သေးပါဘူး။ နောင်တစ်ချိန် ကျွန်မသမီးလေးအရွယ်ရောက်လာတဲ့အခါ ကျွန်မကိုယ်တိုင်နိုင်ငံရေးနဲ့ပတ်သတ်တဲ့လှုပ်ရှားမှုတွေမှာပါဝင်နိုင်လာမှာပါ” လို့ပြောကြားခဲ့ပါတယ်။

အော်စကာပွဲကို Breast pump (နို့စုပ်ခွက်) သယ်သွားသူ

Rose လေး ၅လသမီးအရွယ်မှာ Johansson ဟာ၂၀၁၅ခုနှစ် အကယ်ဒမီဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။အဲဒီဆုပေးပွဲမှာတော့ Johansson ဟာ Hollywood ရဲ့အမေသစ်လေးတွေ ပြုလုပ်နေကျအတိုင်း နို့စုပ်ခွက်ကို သူမရဲ့ လက်ကိုင်အိတ်ထဲထည့်ပြီး ယူဆောင်လာခဲ့ပါတယ်။ “ကျွန်မအနေနဲ့ ဒီနို့စုပ်ခွက်ကို ယူလာရမှာပါပဲ။ ဘာကြောင့်ဆိုတော့ ကျွန်မက ကလေးပြုစုစောင့်ရှောက်နေရတာဖြစ်လို့ နို့ရည်တစ်အောင်စတိုင်းဟာ ရွှေရည်တွေလို အဖိုးတန်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ အနုပညာကြယ်ပွင့်တွေဟာလည်း သာမန်မိခင်တွေလိုပါပဲ။

Katy Perry ရဲ့’I Kissed a Girl’ ထဲက Johansson

Perry ကမဂ္ဂဇင်းတစ်ခုကို လှန်လှောဖတ်နေစဉ် Johansson ရဲ့ဓာတ်ပုံကိုမြင်ပြီး အကြံတစ်ခုရခဲ့တယ်လို့ Steppin’ Out ကို 2008 ခုနှစ်တုန်းက ပြောကြားခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ချစ်သူကောင်လေးနဲ့ အတူရှိနေတာဖြစ်ကြောင်းလည်း Perry ကဝန်ခံခဲ့ပါသေးတယ်။ ဒါ့အပြင် Perry က သူမရဲ့ချစ်သူကောင်လေးကို “ငါနင့်ကိုလိမ်ပြောနေတာမဟုတ်ဘူးနော်။ အကယ်၍ Scarlett Johansson သာ ဒီအခန်းထဲကို လျှောက်ဝင်လာပြီး ငါ့ကိုအနမ်းတွေခြွေခဲ့မယ်ဆို ငါလည်းပြန်နမ်းမိမှာဘဲ။ အဲဒီအခါ နင်အဆင်ပြေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။ Johansson ကတော့ ဒီသတင်းကို ပင့်လုံးတစ်ခုအနေနဲ့ “မင်းတို့ဆိုရင်ရော?” လို့ ပြောခဲ့ပေမယ့် သူမခင်ပွန်းဟောင်း Ryan Reynolds ကိုတော့ သစ္စာရှိစွာနဲ့ပဲ”ဒါဟာပင့်လုံးသပ်သပ် ပါ။ ကျွန်မရဲ့နှုတ်ခမ်းတွေက ပိုင်ရှင်ရှိပြီးသားပါ” လို့ ပြောခဲ့ပါတယ်။

ScarJo လို့မခေါ်ပါနဲ့

Johansson ဟာ နာမည်အတိုကောက်တွေကို ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်ပါဘူး။ မီဒီယာတွေက သူ့ကို ရည်ညွှန်းဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိတဲ့ ScarJo ဆိုတဲ့ အမည်အတိုကောက်ကို မနှစ်သက်ပါဘူး။ ဒီအတွက် သူ့မှာ အကြောင်းပြချက်များစွာလည်း ရှိပါတယ်။၂၀၁၄ခုနှစ် Glamour ရဲ့အင်တာဗျူးတခုမှာတော့ Johansson က “ScarJoဆိုတာ အပေါစားဆန်တယ်လို့ ထင်ရတယ်။ ပျင်းရိ ပျင်းတွဲနဲ့ မထီလေးစား၊ ပြောင်ချော်ချော်လည်း ဖြစ်ပါသေးတယ်” လို့ပြောပြခဲ့ပါတယ်။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top