ကိုဗစ်ရောဂါဖြစ်ပွားနေသူ (၈၀) ရာခိုင်နှုန်းထဲမှာ အများစုက ရောဂါလက္ခဏာမပြဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

7-7-2021-yyl-56.jpg

ကိုဗစ်ရောဂါဖြစ်ပွားသူတွေထဲက (၈၀) ရာခိုင်နှုန်းက သာမာန်လက္ခဏာတွေသာ ခံစားရပြီး အများစုက ရောဂါလက္ခဏာမပြကြဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

“ကိုဗစ်ရောဂါခံစားနေရတဲ့ လူတွေကို အိမ်မှာကုသတယ်ဆိုတာက ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြီးကြပ်မှုအောက်မှာသာ ဆောင်ရွက်သင့်တာပါ။ တကယ်လို့ ဆေးရုံတတ်ဖို့လိုအပ်လာပြီးဆို အခြေအနေကို နားလည်တတ်ကျွမ်းတဲ့ ကျမ်းမာရေးဝန်ထမ်းကသာ ဆုံးဖြတ်ပေးရမှာပါ။ နိုင်ငံတစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်သင့်ပါတယ်။” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျွမ်းကျင်ပညာရှင် Dr. Janet Diaz ကပြောပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားသူတွေထဲက (၁၅) ရာခိုင်နှုန်းက ရောဂါပြင်းထန်တဲ့အတွက် အောက်ဆီဂျင်လိုအပ်နိုင်ပြီး ကိုဗစ်ရောဂါ ပြင်းထန်စွာ ခံစားနေရတဲ့လူနာ (၅) ရာခိုင်နှုန်းကတော့ အသက်ရှုအားကူစက်လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အိမ်မှာ သွေးတွင်းအောက်ဆီဂျင်တိုင်းစက် pulse oximeter ကိုဆောင်ထားသင့်တယ်။ SPO2 90% အောက်ကျတယ်ဆိုရင် ဒါကသတိပေးလက္ခဏာတစ်ခုပါပဲ။ ကျွမ်းကျင်သူတွေရဲ့ ကြီးကြပ်မှုအောက်မှာ သေချာချိန်ညှိကာ စနစ်တကျစောင့်ကြပ် ကြည့်ရှုတဲ့စနစ်အောက်မှာထားပြီး လိုသလိုထိန်းညှိရမှာ ဖြစ်တဲ့အတွက် ကိုဗစ်လူနာကို အောက်ဆီဂျင်ပေးတဲ့အခါ အိမ်မှာမပေးသင့်ဘူး။” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျွမ်းကျင်ပညာရှင် Dr. Janet Diaz ကပြောပါတယ်။

တရုတ်နိုင်ငံ၊ Hubei ပြည်နယ်မှာ စတင်တွေ့ရှိခဲ့တဲ့ Covid-19 လို့အမည်ပေးထားတဲ့ Coronavirus အသစ်ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံအများအပြားကူးစက်ခံနေရပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ စုစုပေါင်း (၁၈၅,၅၅၇,၃၈၇) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၄,၀၁၀,၅၉၁) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply