ကမ္ဘာတလွှား စွန့်စွန့်စားစား အိပ်စက်ရာနေရာများ

12.3.24-yyl-13.jpg

သည်းထိတ်ရင်ဖို စွန့်စားရတာကို ဝါသနာထုံသူတွေအတွက် ကမ္ဘာတလွှား စွန့်စွန့်စားစား အိပ်စက်ရတဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုံကို ထောက်လိုက်ရင် တည်နေရာတွေကို ဖတ်ရှုနိုင်ပါတယ်။

ပီရူးနိုင်ငံ အင်ဒီးကုန်းမြင့်ဒေသရဲ့ အထွတ်အမြတ်တောင်ကြားမှာ တည်ရှိတဲ့ ဖန်သားအိပ်စင်ပါ။ အဲဒီကို ရောက်ဖို့အတွက် ကောင်းကင်ကြိုးလိုင်းကနေ သွားချင်သွား၊ ဒါမှမဟုတ်ရင်တော့ ပေ ၁၃၀၀ အမြင့်အထိ တောင်တက်ရမှာပါ။ အိပ်စက်တစ်ခုမှာ အိပ်ရာ ၄ ခု ပါပြီး ထမင်းစားခန်း၊ ရေချိုးခန်းတွေလည်း ပါပါတယ်။ တောင်တက်လမ်းပြတွေက စားစရာတွေကို ကျောပိုးအိတ်ထဲ ထည့်ပြီး လာပို့ပေးမှာပါ။

အလက်စကာပြည်နယ်မှာရှိတဲ့ Sheldon Chalet ကတော့ မြောက်အမေရိကရဲ့ အမြင့်ဆုံးဖြစ်တဲ့ ဒီနာလီတောင်ပေါ်မှာ တည်ရှိပါတယ်။ ဒီနာလီအမျိုးသားဥယျာဉ်ထဲက သဘာဝအလှအပကို ခံစားနိုင်မှာဖြစ်သလို ဥတ္တရအလင်းတန်းကိုလည်း ရှင်းလင်းထင်ရှားစွာ ငေးမောကြည့်ရှုနိုင်မှာပါ

လှိုင်းသံကို နားစွင့်ရင်း နေဝင်ချိန်၊ နေထွက်ချိန်တွေကို ရှင်းလင်းစွာ မြင်တွေ့ရမယ့် နေရာကတော့ ဝေးလ်နိုင်ငံ ပမ်ဘရွတ်ရှိုင်းယားစီရင်စုမှာ ရှိတဲ့ ကျောက်ဆောင်ဘေး စခန်းချရာ နေရာငယ်လေးပါပဲ။

ဝင်ရိုးစွန်းဒေသမှာ စခန်းချ နားနေ၊ အိပ်စက်ဖို့ဆိုတာ တကယ့်ကို စွန့်စားမှုတစ်ခုပါပဲ။ တောင်ဝင်ရိုးစွန်းရဲ့ အအေးဒဏ်ကို အံ့တုရင်း ပင်ဂွင်းတွေကို ကြည့်ရင်း သဘာဝတရားကို ခံစားရမယ့်နေရာကတော့ အန္တာတိကတိုက်ရဲ့ ရေခဲပြင်စခန်းချရာ နေရာပါပဲ။ အပူပေးစနစ် လုံးဝမရှိတဲ့အတွက် ဒီနေရာကိုသွားရောက်ပြီး စခန်းချ တည်းခိုသူတွေဟာ ရှင်သန်မှုအတွက် စိန်ခေါ်မှုတွေ ကြုံရမှာ အမှန်ပါပဲ

ကမ္ဘာ့အကြီးဆုံးဂူကြီးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဆန်ဒေါင်ဂူကြီးထဲမှာ စခန်းချ အိပ်စက်မှုကလည်း သည်းထိတ်ရင်ဖို အတွေ့အကြုံမျိုး ပေးစွမ်းမှာပါ။ ယူနက်စကို အမွေအနှစ်စာရင်းဝင်တဲ့ Phong Nha-Ke Bang အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိပြီး ဂူရဲ့ အကြီးဆုံးအပိုင်းမှာ ဘိုးရင်း ၇၄၇ လေယာဉ်တောင် ပျံသန်းနိုင်လောက်တဲ့ အထိ ကြီးမားပါတယ်။ ၅ ရက်ကြာ စခန်းချနေထိုင်မှု အစီအစဉ်မှာ တောကြမ်းခရီးနှင်တာ၊ တောင်တက်တာ၊ မြေအောက်မြစ်တွေထဲ တွားသွားတာ အစရှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

Ref: The world’s most extreme places to spend the night

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top