နောက်ဆုံးထွက် Galaxy A55 5G နဲ့ Galaxy A35 5G အသစ်တွေကို ဦးဦးဖျားဖျား ကိုင်ဆောင်လိုသူများ အထူးခံစားခွင့်တွေနဲ့အတူ Pre-Order စတင်မှာယူနိုင်ပြီ

12.3.24-yyl-12.jpg

Samsung Electronics က မိုဘိုင်းဖုန်းသုံးစွဲမှုဆိုင်ရာ အကောင်းဆုံးအတွေ့အကြုံတွေကို လူတိုင်း ရရှိခံစားစေနိုင်ဖို့အတွက် Galaxy A55 5G နဲ့ A35 5G အသစ်တို့ကို ကမ္ဘာတစ်ဝှမ်းမှာ မတ်လ ၁၂ ရက်နေ့က စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ Galaxy A55 5G နဲ့ A35 5G ၂ ခုလုံးမှာ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့အပြင် Galaxy flagship ဖုန်းတွေမှာ အသုံးပြုတဲ့ ကင်မရာပိုင်းဆိုင်ရာ နည်းပညာအချို့ကိုပါ မှီငြမ်းထည့်သွင်းအသုံးပြုပေးထားလို့ သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်လာမှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Nightography နဲ့ Super HDR ပါဝင်လာလို့ နေ့ညမရွေး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်

ဖုန်းအသစ် ၂ မျိုးလုံးမှာ အဆင့်မြှင့်တင်ထားတဲ့ Nightography ထည့်သွင်းပေးထားလို့ အလင်းအားနည်းတဲ့ အခြေအနေတွေမှာ အရည်အသွေးကောင်းမွန်ပြီး epic ဖြစ်တဲ့ ဓာတ်ပုံတွေကို ဖမ်းယူစေနိုင်မှာပါ။ အမှောင်ထဲ ဓာတ်ပုံရိုက်ရင် ဖြစ်တတ်တဲ့ မပြတ်မသား၊ မှုန်ဝါးတဲ့ ပုံထွက်ရရှိတတ်တာမျိုးကို Galaxy A55 5G နဲ့ A35 5G တို့မှာ ပါဝင်လာတဲ့ AI Image Signal Processing (ISP) နည်ပညာက တားဆီးပေးနိုင်လိုက်ပါပြီ။ Night Portrait Mode နဲ့ 23-bit HDR Video နည်းပညာတို့ကိုပါ ထည့်သွင်းပေးထားလို့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးတဲ့အခါ ကောင်းမွန်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိစေမှာပါ။ ဒါ့အပြင် Optical Image Stabilization (OIS) နဲ့ Video Digital Image Stabilization (VDIS) တို့ကို ထည့်သွင်းပေးထားတဲ့အတွက် ရွေ့လျားနေတဲ့ လူဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ တို့ကို ရိုက်ကူးတဲ့အခါ ကြည်ကြည်လင်လင်နဲ့ ဖမ်းယူရိုက်ကူးထားနိုင်မှာ ဖြစ်ပါတယ်။ အခုလို Nightography အပါအဝင် ကင်မရာ စွမ်းဆောင်ရည်ပိုင်းကို အဖက်ဖက်က အဆင့်မြှင့်တင်ပေးထားတဲ့ Galaxy A55 5G နဲ့ A35 5G တို့ကြောင့် နေ့၊ ညမရွေး ဘယ်လိုအခြေအနေမှာမဆို ချစ်ခင်ရသူတွေနဲ့ အမှတ်တရကောင်းတွေကို သိမ်းဆည်း ထားနိုင်တော့မှာပါ။

Samsung ရဲ့ powerful အဖြစ်ဆုံး လုံခြုံရေးပိုင်းဆိုင်ရာအဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာ

သာမန်အားဖြင့် Galaxy flagship ဖုန်းတွေမှာသာ မြင်တွေ့ရလေ့ရှိတဲ့ Samsung ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Samsung Knox Vault ကို Galaxy A55 5G ရော A35 5G မှာပါ ထည့်သွင်းပေးလိုက်ပါပြီ။ Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ software ပိုင်း၊ hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားလို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Auto Blocker က application တွေ ဒေါင်းလုတ် ရယူချိန်မှာဖြစ်စေ၊ USB မှတစ်ဆင့် ထည့်သွင်းတဲ့အချိန်မှာဖြစ်စေ ဖုန်းတွင်း ဝင်ရောက်နိုင်ချေရှိတဲ့ malware တွေကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး လိုအပ်သလို ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။ Galaxy A55 5G နဲ့ A35 5G တို့ကို Android OS ၄ ကြိမ်၊ One UI Upgrade ၅ နှစ်အထိ ထောက်ပံ့ပေးထားလို့ နောက်ဆုံးပေါ် Galaxy နဲ့ Android လုပ်ဆောင်ချက်တွေကိုလည်း တာရှည်ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Chipset၊ Display၊ ဘက်ထရီ၊ အကြမ်းခံမှု စသဖြင့် အဖက်ဖက်မှာ အားသာလာ

Chipset အနေနဲ့ Galaxy A35 5G မှာ Exynos 1380၊ Galaxy A55 5G မှာ Exynos 1480 တွေကို အရင် version ထက် အဆင့်မြှင့်တင်ပြီး သုံးပေးထားလို့ ဖုန်းစွမ်းဆောင်ရည်ပိုင်းမှာ အဖက်ဖက်က အားသာလာမှာဖြစ်ပါတယ်။ ဖုန်း ၂ မျိုးလုံးမှာ Super AMOLED Display သုံးပေးထားတဲ့အပြင် Vision Booster ပါဝင်လာလို့ ကြည်လင်စိုပြေတောက်ပတဲ့ မျက်နှာပြင်၊ 5000mAh, 25W fast charging သုံးပေးထားလို့ တာရှည်ခံတဲ့ ဘက်ထရီတို့ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ဖုန်း ၂ မျိုးလုံးမှာ E Sim အသုံးပြုနိုင်လာနိုင်မှာ ဖြစ်သလို IP67 ပါဝင်လာလို့ ရေဒဏ်၊ ဖုန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိမယ့်အပြင် Galaxy Fit3, Galaxy Buds ကဲ့သို့ အခြားသော Galaxy Device တွေနဲ့ တွဲဖက်ပြီး Galaxy Ecosystem အတွင်း အသုံးပြုရာမှာလည်း မြန်ဆန်ချောမွေ့ပြီး အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

အသက်သာဆုံး အတန်ဆုံး Pre-Order ဈေးနှုန်းနှင့် အထူးခံစားခွင့်များ

Galaxy A35 5G နဲ့ A55 5G တို့က Awesome Iceblue, Awesome Navy, Awesome Lemon အရောင် ၃ ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် Galaxy A35 5G ကို ၁,၃၆၉,၀၀၀ ကျပ်၊ Galaxy A55 5G ကို ၁,၇၅၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Pre-Order ကာလဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အတွင်း ဝယ်ယူသူတွေကို အထူးလက်ဆောင်အနေနဲ့ Galaxy A35 ဝယ်ယူသူတွေအတွက် Double Storage၊ Galaxy A55 ဝယ်ယူသူတွေအတွက် Galaxy Fit3 တို့ကို လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။ Pre-Order မှာယူလိုသူတွေအနေနဲ့ ဖုန်းအကြောင်း၊ Pre-Order အကျိုးခံစားခွင့်တွေအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook သို့မဟုတ် Samsung Myanmar Call Center ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top