ခွေးလေးကို အသက်ကယ်ဖို့ ၁၃ ပေ မိကျောင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့သူ

19-6-2020-yyl-034.jpg

ဖ‌လော်ရီဒါပြည်နယ်က အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ခွေးကို အသက်ကယ်ဖို့ ၁၃ ပေအရှည်ရှိတဲ့ မိကျောင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ တွက်ဒဲလ်နဲ့ သူ့ရဲ့ခွေးလေး လိုကီတို့ ဝက်စလေချာပယ် လယ်တောထဲကို လမ်းလျှောက်ထွက်ချိန်မှာ မိကျောင်းတိုက်ခိုက်မှု ခံခဲ့ရတာပါ။ ခွေးလေးက မြစ်ကမ်းစပ်ကို ဆင်းနေတုန်း မိကျောင်း ရုတ်တရက်ပေါ်လာပြီး ခွေးရဲ့လက်ကို လှမ်းဆွဲခဲ့တာပါ။ တွက်ဒဲလ်ကလည်း သူ့ခွေးလေး မိကျောင်းနောက် ပါမသွားအောင် ဂုတ်ကနေ ပြန်ဆွဲထားပါတယ်။

ဒါပေမဲ့ မိကျောင်းက ခွေးလေးကို လွှတ်မပေးပါဘူး။ ”အဲဒါနဲ့ ကျွန်တော်လည်း ခွေးလေးရဲ့ဂုတ်ကို လွှတ်ပေးလိုက်တယ်။ ပြီးတော့ ဒူးလောက်နက်တဲ့ ရေထဲဆင်းပြီး မိကျောင်းရဲ့ခေါင်းကို ထပ်ဖန်တလဲလဲ လက်သီးနဲ့ထိုးပစ်တယ်။ အဲဒီတော့မှ မိကျောင်းက ခွေးလေးကို လွှတ်ပြီး ပြေးသွားတယ်”လို့ တွက်ဒဲလ်က ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ တွက်ဒဲလ်က ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရပေမဲ့ ခွေးလေး လိုကီကတော့ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ခွေးလေးရဲ့လက်ကို သတ္တုပြားတွေ၊ ဝက်အူရစ်တွေနဲ့ ပြန်တည့်မတ်ခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top