ကမ္ဘာတစ်ဝန်းမှာ COVID-19 ရောဂါကနေ ပြန်သက်သာလာသူ ၃၅၀၀၀၀ ကျော် ရှိ

intl0401.jpg

ကမ္ဘာတစ်ဝန်းမှာ COVID-19 ရောဂါကနေ ပြန်သက်သာလာသူ ၃၅၀၀၀၀ ကျော် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၁.၆ သန်းကျော် ရှိနေပြီး သေဆုံးသူ ၉၆၀၀၀ ကျော် ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုကနေ ပြန်သက်သာလာသူ ၂၂ ရာခိုင်နှုန်းရှိနေပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေက ဆေးရုံတက်ပြီး ကုသမှုခံယူဖို့ လိုအပ်တဲ့ လူနာတွေကိုပဲ စမ်းသပ်တဲ့အတွက် ပြန်သက်သာလာသူအရေအတွက်က ဒီထက်ပိုများဖွယ်ရှိနေပါတယ်။

COVID-19 ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ အိမ်မှာကုသနိုင်လောက်တဲ့ ရောဂါလက္ခဏာ မဆိုသလောက်ပဲ ပြသတဲ့အတွက် အဲဒီသူတွေက ကူးစက်ခံရသူ ဒါမှမဟုတ် ပြန်သက်သာလာသူစာရင်းထဲမှာ ပါဝင်ခြင်းမရှိပါဘူး။ COVID-19 ရောဂါကနေ သက်သာပျောက်ကင်းသူ အများဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံမှာ သက်သာပျောက်ကင်းသူ ၇၇၆၇၈ ယောက်ရှိပြီး အဲဒီနောက်မှာတော့ စပိန်၊ ဂျာမနီနဲ့ အီရန်နိုင်ငံတွေ ရပ်တည်နေပါတယ်။ သက်သာပျောက်ကင်းမှုနှုန်း ကောင်းမွန်လာပြီးနောက်မှာတော့ ၇၇ ရက်ကြာ ပိတ်ဆို့ထားတဲ့ ဝူဟန်မြို့ကို တရုတ်နိုင်ငံက ပြန်ဖွင့်ပေးလိုက်ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top