ဗြိတိန်နိုင်ငံမှာ သြဂုတ်လအတွင်း စားသောက်ဆိုင်မှာစားရင်း ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်

9-7-2020-yyl-010.jpg

အခက်တွေ့နေတဲ့ တည်ခင်းဧည့်ခံရေးကဏ္ဍ တစ်ကျော့ပြန်ဦးမော့လာစေဖို့ ဗြိတိန်အစိုးရရဲ့အစီအစဉ်အရ လာမယ့်သြဂုတ်လအတွင်း စားသောက်ဆိုင်တွေမှာ သွားစားသူတွေဟာ ၅၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံရဲ့စီးပွားရေး ပြန်လည်စီးဆင်းစေမယ့် စည်းမျဉ်းတစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆူနက်က ” ဆိုင်မှာ စားသုံး၊ ကူညီဦး”ဆိုတဲ့ လျှော့ဈေးအစီအစဉ်ကို ဖော်ဆောင်ခဲ့တာပါ။ အဲဒီအစီအစဉ်အရ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း ဆိုင်မှာသွားစားသူတွေကို ၅၀ ရာခိုင်နှုန်း လျှော့ဈေးပေးမှာဖြစ်ပြီး အများဆုံးအနေနဲ့ လူတစ်ယောက်ကို ပေါင် ၁၀ နှုန်းအထိ လျှော့ပေးမှာပါ။ အစားအစာတွေနဲ့ ယမကာမဟုတ်တဲ့ သောက်စရာတွေပဲ ဒီအစီအစဉ်မှာ အကျုံးဝင်မှာပါ။

ဒါ့အပြင် တည်ခင်းဧည့်ခံရေးနဲ့ ခရီးသွားလုပ်ငန်းအပေါ် ချမှတ်ထားတဲ့ တန်ဖိုးဖြည့်ခွန်(VAT)ကို ၂၀ ရာခိုင်နှုန်းကောက်ခံနေရာကနေ ၅ ရာခိုင်နှုန်း လျှော့ပေးသွားမယ်လို့ ဆူနက်က ပြောပါတယ်။ ဗြိတိန်နိုင်ငံဟာ COVID-19 ကြောင့် တစ်သက်မှာတစ်ခါပဲ ကြုံရတဲ့ အခိုက်အတန့်မျိုး ကြုံနေရတယ်၊ အဲဒီအတွက် တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့လိုတယ်လို့ ဆူနက်က ပြောပါတယ်။ ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ လကျော် ပိတ်ထားရတဲ့ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းတွေနဲ့အတူ ပြီးခဲ့တဲ့စနေနေ့က ပြန်ဖွင့်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top