အမေဇုန်တောနက်အတွင်း ကလေး ၄ ဦးကို ကယ်တင်ရာမှာ ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေးခွေးလေး ပျောက်ဆုံးနေ

13.6.23-yyl-1.jpg

မေလ ၁ ရက်နေ့က အင်ဂျင်ချွတ်ယွင်းမှုကြောင့် အမေဇုန်တောနက်ထဲ ကိုလံဘီယာလေယာဉ်ပျက်ကျပြီးနောက် ၁ လကျော်အကြာမှာ လသားအရွယ်ကလေးအပါအဝင် ကလေး (၄) ဦးကို ကယ်တင်နိုင်ခဲ့တဲ့သတင်းကို လူတိုင်းသိကြမှာပါ။ အဲဒီကလေး ၄ ဦးဟာ ဘေးကင်းလုံခြုံနေပြီး ဘိုဂိုတာမြို့က စစ်ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ ဒါပေမဲ့ သူတို့ကို ကယ်တင်ရာမှာ ကူညီပေးခဲ့တဲ့ ၆ နှစ်သား ခွေးလေး ဝီလ်ဆန် ပျောက်ဆုံးနေပါတယ်။

တောနက်ထဲ ပျောက်ဆုံးနေတဲ့ ဝီလ်ဆန်ကို ပြန်ရှာတွေ့ဖို့အတွက် ကိုလံဘီယာမြို့ခံတွေက မျှော်လင့်နေပါတယ်။ ဝီလ်ဆန်ကို ဟီးရိုးအဖြစ် သတ်မှတ်ထားကြပြီး သူ့ရဲ့ပျောက်ဆုံးတဲ့သတင်းက ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေပါပြီ။ ဝီလ်ဆန်က တောနက်ထဲ လမ်းပျောက်နေတဲ့ ကလေးတွေဆီ ကယ်ဆယ်တဲ့သူတွေကို လမ်းပြပေးခဲ့တာပါ။ ခွေးလေးက လသားအရွယ်ကလေးရဲ့နို့ဗူးကို အရင်ဆုံးရှာတွေ့ခဲ့ပြီး ကယ်ဆယ်ရှာဖွေရေးအဖွဲ့အတွက် လမ်းကြောင်းတွေကို ချန်ထားခဲ့တာပါ။

စစ်တပ်ရဲ့အနံ့ခံခွေးဖြစ်တဲ့ ဝီလ်ဆန်က ဘယ်လ်ဂျီယံသိုးထိန်းခွေးမျိုးစိတ်ဖြစ်ပြိး ဒီလိုခွေးတွေက ကြိုးစားပြီး သူ့ကို ထိန်းကျောင်းတဲ့သူတွေအပေါ်တစ်သက်တာသံယောဇဉ်ကြိုးတွေနှောင်ဖွဲ့လာတတ်တဲ့ခွေးအဖြစ် လူသိများပါတယ်။

အခုထိ ဝီလ်ဆန်ကို ခြေခံရာလို့မရသေးပါဘူး။ ရှာဖွေရေးအဖွဲ့က သူ့ကို ဇွန်လ ၁၀ ရက်နေ့က အမှတ်မထင်တွေ့ခဲ့တယ်။ အဲဒါကို ကြည့်ခြင်းဖြင့် ဝီလ်ဆန်က အသက်ရှင်နေတုန်းပါပဲ။ ကိုလံဘီယာရှာဖွေရေးအဖွဲ့ကတော့ ဝီလ်ဆန်ကို ရှာတွေ့တဲ့အထိ ဆက်ပြီးရှာဖွေသွားမှာပါ။

Ref: Search On For Wilson, Heroic Dog Who Rescued Children Lost In Amazon For 40 Days

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top