လိမ္မော်သီးထက် ဗီတာမင်စီဓာတ် ပိုကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ

2-2-2021-yyl34.jpg

ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ကျွန်တော်တို့ရဲ့ဦးစားပေးအရာတွေထဲကတစ်ခုကတော့ ကိုယ်ခံအားစနစ်ကောင်းအောင် နေထိုင်ပေးဖို့ပါပဲ။ ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်ပေးတာက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဗီတာမင်စီလို ဖြည့်စွက်စာတွေကလည်း ကိုယ်ခံအားစနစ်မြှင့်တင်ပေးတဲ့နေရာမှာ အရေးပါ ပါတယ်။ တစ်နေ့တာအစားအစာတွေကနေ ဒီဓာတ်ကို ရရှိရင်တော့ အကောင်းဆုံးပါပဲ။ ဗီတာမင်စီကို အချဉ်ဓာတ်ပါတဲ့အသီးတွေမှာပါဝင်တယ်ဆိုတာ သိထားကြပါတယ်။ လိမ္မော်သီးမှာလည်း ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်တယ်ဆိုတာ သံသယဖြစ်စရာတော့မရှိပေမဲ့ အဲဒီအသီးထက် ဗီတာမင်စီဓာတ် ပိုကြွယ်ဝတဲ့ တစ်နေ့တာအစားအစာတွေရှိပါတယ်။ အဲဒီအစားအစာတွေက ဘာတွေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

သင်္ဘောသီး

သင်္ဘောသီးစားတာက အစာခြေစနစ်အားကောင်းတယ်။ အသားရေကို ကြည်လင်စေတယ်။ အရိုးတွေကို သန်မာစေတယ်ဆိုတာကို လေ့လာချက်တော်တော်များများက ဆိုထားပြီးသားပါ။ သင်္ဘောသီး (၁) ပန်းကန်စာမှာ ဗီတာမင်စီဓာတ် ၈၈.၃ မီလီဂရမ်ရှိပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီး (၁) ပန်းကန်ကို ဗီတာမင်စီ (၈၇.၄) မီလီဂရမ်ဝန်းကျင်ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ စတော်ဘယ်ရီသီးက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီပွင့်စားသုံးပေးတာက အမျှင်ဓာတ် (၅) ဂရမ်နဲ့ ပရိုတင်းဓာတ် (၅) ဂရမ်အပြင် ဗီတာမင်စီ (၁၂၇.၇) မီလီဂရမ် ရရှိနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာချေဖျက်မှုအားကောင်းစေတဲ့ အင်ဇိုင်းဓာတ်ပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင်စီဓာတ်လည်းပါဝင်ပါတယ်။ နာနတ်သီးမှာ ဗီတာမင်စီ (၇၈.၉) မီလီဂရမ် ပါဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒီကို စားသုံးပေးမယ်ဆိုရင် ဗီတာမင်စီနဲ့အမျှင်ဓာတ် ၁၃၂ မီလီဂရမ်ပါဝင်ပါတယ်။

ငရုတ်ပွသီးအနီ

ငရုတ်ပွသီးအနီက ကယ်လိုရီဓာတ်နည်းပြီး အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ဒါက သင့်စိတ်ခံစားချက်ကောင်းစေတဲ့အစားအစာလည်းဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေတဲ့ ဗီတာမင်စီဓာတ် ၁၂၇.၇ မီလီဂရမ်ဝန်းကျင်လည်း ပါဝင်ပါတယ်။

Ref: These foods have more Vitamin C than an orange

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top