ကိုရိုနာဗိုင်းရပ်စ်ကုသဖို့အတွက် ဒုတိယမြောက်ကုတင် (၅၀၀) ဆေးရုံကို စတင်အကောင်အထည်ဖော်နေတဲ့ ရှရှားနိုင်ငံ

17-3-2020-yyl-008.jpg

နိုင်ငံတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ များလာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ် ကြေညာခဲ့ရပါတယ်။ ကူးစက်မှုများတဲ့ နိုင်ငံတွေက မြို့တွေကို ပိတ်ဆို့မှုတွေ လုပ်နေရပါတယ်။ ရှရှားနိုင်ငံရဲ့ မော်စကိုမြို့အာဏာပိုင်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ရာ လူစုလူဝေးတွေကို တားမြစ်ထားပြီး စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ထားခဲ့ပါတယ်။

ရှရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို ကုသဖို့အတွက် ရှရှားအစိုးရက ဒုတိယမြောက်ကုတင်(၅၀၀) ဆေးရုံကို မြန်မြန်ဆန်ဆန်တည်ဆောက်ဖို့ စီစဉ်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်က ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ၃၀ လောက် များလာတဲ့အတွက် ဆေးရုံကို အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဆိုပါတယ်။ (၁၂) ပတ်အချိန်ယူပြီးနောက် ဖွင့်လှစ်တော့မယ့် ကူးစက်ရောဂါကု ဆေးရုံသစ်ကို တရုတ်နယ်စပ်နဲ့နီးတဲ့ Khabarovskမှာ တည်ဆောက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အာဏာပိုင်တွေက အရေအတွက်မြင့်တက်လာနိုင်ခြေရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်ဖို့အတွက် ပေါင် (၉၂) သန်းတန်မော်စကိုဆေးရုံကြီးကို တည်ဆောက်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဆေးရုံသစ်အတွက် တူးဖော်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဒေသတွင်းကျန်းမာရေးဝန်ကြီး အလက်ဇန္ဒား ဗစ်ကိုက မြေနေရာတွေကို လျာထားပြီးသွားပြီလို့ ဆိုပါတယ်။

တည်ဆောက်မှုက နေထိုင်သူတွေကို ပြဿနာ၊ စိုးရိမ်ဖွယ်ရာတွေဖြစ်စေမှာမဟုတ်ပါဘူး။ ဆေးရုံကို လူနေအိမ်အဆောက်အဦးတွေနဲ့ အနည်းဆုံး (၈၀၀) ပေရှိတဲ့အကွာအဝေးမှာ တည်ဆောက်မှာဖြစ်ပါတယ်။ အသင့်ထုတ်လုပ်ပြီးသား အစိတ်အပိုင်းတွေကို အသုံးပြုပြီး အချိန်တိုအတွင်း ဆောက်လုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေကို တပ်ဆပ်ရဦးမှာဖြစ်ပါတယ်။ ဆေးရုံအဆောက်အဦးတစ်ဝိုက်မှာ လုံခြုံရေးဇုန်ကိုလည်း ဖန်တီးမှာဖြစ်တယ်လို့ သိရပါတယ်။

ရှိပြီးသားဆေးရုံတွေက ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကူးစက်ရောဂါတွေကို ကုသပေးနေပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်ခံရတိုင်း လူနာတွေနဲ့ အခြားလူအနည်းငယ်ကလည်း ဆေးရုံတက်ကြရပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုလက္ခဏာ နည်းနည်းပြရင်တောင် ဆေးရုံတက်ရမှာပါ။ ကိုရိုနာဗိုင်းရပ်စ်လို့ အတည်မပြုရသေးခင် ဆေးရုံတက်ပြီး အခြားကာကွယ်မှုတွေ ရှိပါတယ်။ ဆေးရုံသစ်ကြီးက သူတို့ရဲ့အရန်သင့်လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးဖို့ပါပဲလို့ Khabarovsk ဒေသရဲ့နိုင်ငံရေးသမား Mayor Sergey Sobyanin က ပြောပါတယ်။

လက်ရှိ ရှရှားနိုင်ငံမှာ Kommunarka Hospital နဲ့ the Infestious Diseases Clinical Hospital Number One ဆိုတဲ့ ဆေးရုံနှစ်ခုက ကိုရိုနာဗိုင်းရပ်စ်ကုသပေးနေပါတယ်။

Ref: Russia begins work on a second 500-bed, speed-build coronavirus hospital as Moscow limits gatherings and closes schools

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top