အဘွားအိုရဲ့မီးဖိုချောင်ထဲမှ တွေ့ရတဲ့ ရှားပါးပန်းချီကားကို လုဗ်ပြတိုက်မှာ ခင်းကျင်းပြသတော့မယ်

7.5.24-yyl-8-1.jpg

အဘွားအိုတစ်ဦးရဲ့ မီးဖိုချောင်ထဲကနေ ပြန်တွေ့ခဲ့ရတဲ့ ရှားပါးပန်းချီကားကို ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လုဗ်ပြတိုက်မှာ ခင်းကျင်းပြသ‌တော့မှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ ဖလောရင့်မြို့သား ချီမာဘူယေးရဲ့ Christ Mocked ပန်းချီကားဟာ ၁၃ ရာစု လက်ရာဖြစ်ပြီး ကာလရှည် ပျောက်ကွယ်နေခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှ အသက် ၉၀ အရွယ် အဘွားအိုတစ်ဦးရဲ့ နေအိမ် မီးဖိုချောင်ထဲကနေ ဒီပန်းချီကားကို ပြန်တွေ့ခဲ့တာပါ။ လေလံတင် ရောင်းချချိန်မှာ အမည်မဖော်လိုသူတစ်ဦးက ယူရို ၂၄ သန်းနဲ့ လေလံအောင်ခဲ့ပေမဲ့ ပြင်သစ်အစိုးရက သူတို့နိုင်ငံထဲက အဖိုးတန် အနုပညာလက်ရာကို ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် အနုပညာပစ္စည်းတွေ ပြည်ပတင်ပို့ခွင့်ကို လ ၃၀ ကြာ ပိတ်ပင်တဲ့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လုဗ်ပြတိုက်က ဒီပန်းချီကားကို ဝယ်ယူနိုင်ဖို့ ရန်ပုံငွေ စုဆောင်းခဲ့ပြီး လ ၃၀ အတွင်း ရန်ပုံငွေ ပြည့်သွားခဲ့တာပါ။

ဖလောရင့်မြို့သား ပန်းချီဆရာ ချီမာဘူယေးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပန်းချီကား ၁၅ ကားပဲ ဆွဲခဲ့တယ်လို့ သိထားကြပြီး အဲဒီအတွက်လည်း ဒီပန်းချီကားက ရှားပါးပန်းချီကားစာရင်းဝင်နေတာပါ။

Ref:The Mocking of Christ (Cimabue)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top