တစ်နှစ်တာအတွင်းမဖြစ်မနေလုပ်သင့်သောအရာများ

2020.jpg

တစ်နှစ်တာကာလ အတိုင်းအတာဟာ ကြာမြင့်သလိုထင်ရပေမယ်တကယ်တမ်း မိမိတို့အနေနဲ့တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွား တဲ့အချိန်တွေများ လာတာနဲ့အမျှ တစ်ပတ်၊ တစ်လ၊တစ်နှစ်စတဲ့ အချိန်ကိုရောက်ရှိသွားတာကို မြင်တွေ့နိုင်ပါတယ်။ သေချာတာကတော့ မိမိကအလုပ်ထဲပိမိ နေမယ်.. တစ်နေရာရာမှာတာ၀န်ထမ်းဆောင်နေရမယ် (သို့) မဖြစ်မနေနေထိုင်နေရမယ့် စတဲ့ အချက်တွေ ကြောင့်မိမိ စီစဥ်ထားတဲ့အရာတွေ၊ စိတ်ကူးထားတဲ့အရာတွေ အကောင်အထည် ဖော်နိုင်ဖို့ မဖြစ်တော့ တာတွေကြုံရနိုင်ပါတယ်။ ဒီလိုကြောင့်လုပ်ချင်တဲ့အရာတွေမလုပ်ဖြစ်တော့တဲ့ အခြေအနေကို ရောက်သွားတာမျိုးအားလုံးကြုံဆုံလေ့ရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် မည်သည့်အခြေအနေအခိုက် အတန့်ကိုရောက်သွားသည့်တိုင်း ဒီပြောပြမယ့်အချက်တွေကိုတော့ လျစ်လျူရှုထား မသင့်ပါဘူး။ဆက် လက်ကြည့်ကြရအောင်။

၁။ခရီးထွက်ပါ။

အားလုံးက အမြဲလိုလို အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ကြောင့် ဒါမှမဟုတ် အခြားရေးရာကိစ္စတွေက မိမိခေါင်းထဲမှာ နေရာယူထားတတ်ပါတယ်။ ဒီလိုနဲ့ ယခင်က မိမိစီစဥ်ထားတဲ့ခရီးများ မထွက်ဖြစ်နေပဲ ကြန့်ကြာနေတတ်ပါတယ်။ အထူးသဖြင့်တော့ အလုပ်ကိစ္စတွေနဲ့ ၀န်ပိနေတာကြောင့် အရမ်းမွန်း ကျပ်မှုပိုမိုဖြစ်စေလို့ လူတိုင်းအပန်းဖြေအနားယူသင့်ပါတယ်။ ဒါ့အပြင်လူတိုင်းဗဟုသုတကို မိမိအလုပ် ခွင်ထဲ၌တင်မကပဲ အပြင်မှာ ရှာဖွေပြီး စိတ်ကို အနားယူနိုင်ပါသေးတယ်။ အချို့သောလူတွေ အတွက် ခရီးထွက်တာ ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်ပါတယ်။ခရီးစဥ်အတွင်း မိမိမမြင်ဖူးခဲ့ တာတွေ၊ မသိခဲ့တာ တွေမြင်နိုင်သိနိုင်ပါတယ်။ မိမိအနေနဲ့ နိုင်ငံခြား ခရီးမဆိုနဲ့ဦး၊ ပြည်တွင်းမှာမရောက်ဖူးတဲ့ နေရာတွေကို ရတဲ့အားလပ်ရက်အချိန်အတွင်းမှာဦးစားပေး လည်ပတ်သင့်ပါတယ်။ တစ်နှစ်တာကလအတွင်းမှာ အနည်းဆုံးတော့ နေရာအသစ်တစ်ခုတော့သွားရောက်လည်ပတ်သင့်ပါတယ်။ ဒါနဲ့ပိုက်ဆံတော့ ကြိုတင်စုဆောင်းထားဖို့လိုပါမယ်။

၂။ပရဟိတလုပ်ဆောင်ပါ

မိမိအနေနဲ့ ပရဟိတဆိုလို အထည်ကြီး လှူဒါန်းမှု မလုပ်နိုင်ရင်တောင် မိမိတတ်နိုင်တဲ့ဘက်ကပေးကမ်း ကူညီလို့ ရပါတယ်။ ဥပမာလမ်းသွားရင် အကူညီလိုအပ်သူကို ကူညီတာ၊ပိုက်ဆံလှူဒါန်းမှု ပြုလုပ်တာ၊ အစားအသောက်မျှ​ဝေပေးကမ်းတာ စတဲ့အရာတွေလုပ်နိုင်ပါတယ်။ ဒီကြားထဲ အားလပ်ရင် ဘုရားကျောင်းကန် နဲ့ ရပ်ကွက် သန့်ရှင်းရေးတို့ မှာ ပါဝင် ပြုလုပ်ပေးသင့်ပါတယ်။ မိမိအနေနဲ့ ထိုသို့အတတ်နိုင်ဆုံးပြုလုပ်ပေးပြီးတတ်နိုင်တဲ့ ဘက်ကနေပါ၀င်ကူညီနိုင်ပါတယ်။တကယ်တော့ကူညီခြင်း ဟာနှစ်ဦးနှစ်ဖက်အတွက်ကောင်းမွန်တဲ့ အလုပ်ဖြစ်ပါတယ်။ ကုသိုလ်လည်းရ၀မ်းလည်း၀ဆိုသလို ကိုယ်ကြောင့်တစ်ပါးသူ အကျိုးဖြစ်မြောက်သွားရင်ကျေနပ်ပီတိဖြစ်မိပါပြီး။

၃။ဆွေမျိုးအသိုင်းဝိုင်း၊ မိတ်ဆွေတွေနဲ့ပြန်ဆုံနိုင်အောင်ကြိုးစားပါ။

လူတိုင်း တစ်နှစ်တာကာလပြီးသွားတယ် မိမိတို့ရဲ့ဆွေမျိုး၊ ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မ လုပ်ဖြစ်ပဲ ကင်းကွာနေ တတ်ပါတယ်။ တစ်ခါတစ်လေ မေ့နေကြတာ တောင်ရှိပါတယ်။ မိမိအနေနဲ့ ဆွေမျိုး အယောက်ချင်းဆီကို သိရှိဖို့ ခက်ခဲနေတတ်ပါတယ်။ သူတို့တွေဘယ်မှာနေထိုင်လဲ၊ ရှိလဲ စသည်ဖြင့်ပေ့ါ။ ဒါမှ မိမိအခက်အခဲ ဒုက္ခရောက်တာတို့ ဆိုရင် အလွယ်တကူ ချိတ်ဆက် တောင်းခံနိုင် ပါတယ်။ နောက်ပြီး မိမိအနေနဲ့ လည်း အခွင့်လမ်းကောင်းတွေသူတို့နဲ့ ​ဝေမျှနိုင်ပြီး ကွန်ယက်ဖြန့် ကျက်ထားနိုင်ပါတယ်။ ဒါကြောင့်မိမိရတဲ့ အားလပ်တဲ့ ကာလ တစ်ခုမှာ ဆွေမျိုးမိတ်ဆွေတွေဆီလည် ပတ်ပြီးပြန်လည်ဆုံဆည်းသင့်ပါတယ်။

၄။စာအုပ်စာပေများဖတ်ရှုလေ့လာပါ။

သာမန်အလုပ်လုပ်တဲ့ကာလတွေမှာ စာအုပ်စာပေတွေနဲ့ ထိတွေ့မှုနည်းနိုင်မယ်။ တစ်ရက်အတွင်း အများဆုံးအချိန်မပေးနိုင်ဖူးဆိုပေမယ့် အနည်းဆုံး နာရီဝက် ၁နာရီ စာဖတ်ချိန်ပေးနိုင်မယ်လို့ ထင်ပါတယ်။ မိမိအနေနဲ့ အချို့ အချိန်တွေမှာ အားပြီး အချိန်အလကားဖြုန်းမိနေတတ်ပါတယ်။ ဒါကြောင့်မိမိအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ စာများ၊ တိုးတက်ရာလမ်းကြောင်းသို့ပို့ဆောင်ပေးမယ့် အတွေးအခေါ်များကိုလေ့လာမှတ်သား ဖတ်ရှုသင့်ပါတယ်။ စာဖတ်ခြင်းဟာ အသိဉာဏ် နဲ့ အတွေးအခေါ်တွေကို တိုးပွားစေတဲ့အတွက်ကြောင့် အရှုံးမရှိပါဘူးနော်။ ဒါကြောင့် မိမိကြိုက်နှစ် သက်တဲ့ စာအုပ်များအခုပဲရှာ ဖွေစုဆောင်းထား လိုက်ပါဗျာ။ ဒါမှသာမိမိစိတ်ကိုတိုး တက်ပြောင်းလဲပစ်နိုင်မှာပါ။

၅။မိမိကိုယ်ကိုဆန်းစစ်ပြီးပြောင်းလဲမှုလုပ်ပါ။

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားတယ် မိမိမှာ ရှိတဲ့ မကောင်းတဲ့ အရာ၊အတွေး၊ စိတ်နေစိတ်ထားတွေကို ဖျောက်ဖျက်ပါ၊ စွန့် လွတ်ပါ။ ပြီးရင် ကောင်းတဲ့ အတွေးတွေကို လက်ခံကျင့်သုံးပါ။ လူအများစုကတော့ မကောင်းတာကိုသိတယ် ဒါပေမယ့် ကျင့်ကြံ ဖို့ တော့ ခဲယဉ်းနေတတ်ပါတယ်။ ဒါကြောင့်သင့်ကိုယ်သင် ပြောင်းလဲရမယ့်အရာတွေ အသိဆုံးလို့ထင်ပါတယ်။ အရာတိုင်းပြောင်းလဲ လို့ ရနိုင်ပါတယ်။ ပြောင်းလဲမှုရှိမှတိုးတက်မှုရှိမှာပါ။ မိမိအတွက် အကျိုးမဖြစ်စေမယ့်အတွေးအခေါ်များ၊ အယူသီးမှုများ၊ ခေတ်နဲ့မညီတော့တဲ့အလေ့အကျင့်များကို ဖယ်ရှားသင့်ပါတယ်။ နှစ်တစ်နှစ်ပြီးသွားတိုင်း စိတ်သစ် ကိုယ်သစ်အတွေးသစ်အမြင်သစ်များဖြင့်ဘ၀ပန်းတိုင်ကိုရောက်အောင်သွားသင့်ပါတယ်။ တင်ပြသွားတဲ့အချက်တွေဟာ အားလုံးနဲ့ ထပ်တူကျမယ်လို့မဆိုလိုပါ။ မိမိနဲ့ ကိုက်ညီမယ်ထင်ရင် သုံးပါ။ မိမိမှာ ရှိမယ့်အကြံဉာဏ်တွေရှိရင်လည်းထိုအတိုင်းလိုက်နာကျင့်သုံးပါ။ အားလုံးမှာ စိတ်ကူးအကြံဉာဏ်တွေရှိကြလို့ .. တစ်နှစ်တာအတွင်းမှာ မိမိပြောင်းလဲလုပ်ဆောင်ရမှာတွေကို လုပ်ဖို့မမေ့ပါနဲ့။

Ref: personal opinion

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top