မျက်ခုံးကွဲဒဏ်ရာအောင် သွေးတိတ်အောင် ကုပေးခဲ့တဲ့ အကူလူရဲ့ကျေးဇူးကို တိုင်ဆန်ဖျူရီ မမေ့သေး

8-7-2020-yyl-043.jpg

အော့တိုဝယ်လင်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကြီးမားတဲ့ မျက်ခုံးကွဲဒဏ်ရာကြောင့် သွေးအရမ်းထွက်နေချိန်မှာ သွေးတိတ်အောင် ကုပေးခဲ့တဲ့ ကြိုးဝိုင်းအကူလူကို ‌တိုင်ဆန်ဖျူရီက ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံသား ကြိုးဝိုင်းအကူလူ ကာပီတီလိုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ Gym ပိတ်ထားရလို့ ငွေကြေးအခက်အခဲ ရှိနေသူပါ။

သူဟာ ၂၀၁၉ ခုနှစ်က လက်စ်ဗီးဂတ်စ်မြို့မှာ ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ တိုင်ဆန်ဖျူရီ နိုင်ပွဲရစေဖို့ အဓိကအခန်းကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့သူပါ။ အော့တိုဝယ်လင်နဲ့ပွဲမှာ တိုင်ဆန်ဖျူရီရခဲ့တဲ့ မျက်ခုံးကွဲဒဏ်ရာက တော်တော်နက်သလို ဗျက်လည်း ကြီးပါတယ်။ တကယ်လို့ ကာပီတယ်လိုကသာ သွေးတိတ်အောင် မကုပေးနိုင်ခဲ့ဘူးဆိုရင် ရှုံးပွဲကြုံရမှာပါ။ ဒါပေမဲ့ ကာပီတယ်လိုက သွေးတိတ်အောင်ကုပေးခဲ့လို့ တိုင်ဆန်ဖျူရီ ပွဲဆက်ထိုးခွင့်ရခဲ့ပြီး အမှတ်နဲ့ အနိုင်ရခဲ့တာပါ။ တိုင်ဆန်ဖျူရီဟာ ဒဏ်ရာပြင်းလွန်းလို့ ပွဲအပြီးမှာ မီဒီယာတွေနဲ့တောင် အင်တာဗျူးမလုပ်နိုင်ခဲ့ဘဲ ဆေးရုံကို ချက်ချင်းသွားခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top