ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ လမ်းပေါ်မှာ တနင်္ဂနွေနေ့ရောက်တိုင်း ကားတွေ၊ ဆိုင်ကယ်တွေ ရှင်းလင်းနေတတ်တာ နှစ် ၅၀ နီးပါး ရှိပါပြီ။ ၁၉၇၄ ခုနှစ်မှာ Ciclovía Day (စက်ဘီးလမ်းဖော်ဆောင်ခြင်း)နေ့ စတင်ခဲ့ပြီးနောက်ပိုင်း ဘိုဂိုတာမြို့မှာ နံနက် ၇ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ကား၊ ဆိုင်ကယ်တွေ မောင်းနှင်ခွင့် ပိတ်ပင်ပြီး မြို့သူ၊ မြို့သားတွေက စက်ဘီးစီးတာ၊ စကိတ်စီးတာ၊ လမ်းလျှောက်တာ၊ ကတာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို လမ်းတွေမှာ လုပ်လေ့ရှိပါတယ်။
Ref: This City Bans Cars Every Sunday and Everyone Loves It
Team (ရိုးရာလေး)