အန္တရာယ်များတဲ့ သံဓာတ်ချို့တဲ့ခြင်း (သွေးအားနည်းရောဂါ)

11-5-2020-yyl-036.jpg

သွေးအားနည်းရောဂါက ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းတဲ့ သွေးနီဥတွေကို ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများကို အောက်စီဂျင်သယ်ဖို့အတွက် လုံလုံလောက်လောက်ထုတ်မပေးနိုင်တာကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ များစွာသောကျန်းမာရေးအခြေအနေတွေက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်လာတဲ့သွေးအားနည်းရောဂါက အဖြစ်များဆုံးပါပဲ။ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေကို လုံလောက်စွာ သောက်သုံးပေးတာက ကျန်းမာစွာနေထိုင်နိုင်ဖို့အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့လားလုံးသိကြပါတယ်။ အာဟာရဓာတ်တွေထဲက တစ်ခုခု ချို့တဲ့သွားရင် ကျွန်တော်တို့ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ရင်လည်း အတူတူပါပဲ။ သံဓာတ်က ခန္ဓာကိုယ်က သွေးနီဥတွေကို ထုတ်ပေးဖို့အတွက် တာဝန်အရှိဆုံးပါပဲ။

ခန္ဓာကိုယ်က အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်သယ်ဖို့အတွက် သွေးနီဥလုံလုံလောက်လောက်မထုတ်နိုင်တဲ့အခါ သွေးအားနည်းရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်း (သွေးအားနည်းရောဂါ) က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဓမ္မတာလာနေတဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ပင်ပန်းပြီး အားနည်းသလို ခံစားရနိုင်ပါတယ်။ သွေးအားနည်းရောဂါက ဖြစ်တာပေါ်မူတည်ပြီး အားပျော့နိုင်သလို ပြင်းလည်းပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ယာယီဖြစ်နိုင်သလို အမြဲတမ်းလည်းဖြစ်နိုင်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်း (သွေးအားနည်းရောဂါ) က ဖြစ်လေ့ဖြစ်ထဖြစ်ပေမဲ့ ပေါ့ဆထားလို့မရပါဘူး။ ဒီကျန်းမာရေးအခြေအနေက ဘယ်လောက်အန္တရာယ်များလဲဆိုတာကို ပြောပြပေးသွားပါမယ်။

သွေးအားနည်းရောဂါဖြစ်ရခြင်းအကြောင်းအရင်းများ

သွေးအားနည်းရောဂါက အောက်မှာ ဖော်ပြပေးထားတဲ့ အဓိကအကြောင်းအရင်း (၃) ခုကြောင့်ဖြစ်နိုင်ပါတယ်။

– ခန္ဓာကိုယ်က သွေးနီဥကို လုံလုံလောက်လောက်ထုတ်မပေးနိုင်တဲ့အခါ

– သွေးနီဥဆုံးရှုံးခြင်းကို ဖြစ်စေနိုင်တဲ့ အဆက်မပြတ်သွေးထွက်ခြင်း

– ခန္ဓာကိုယ်က သွေးနီဥကို ဖျက်စီးလိုက်တဲ့အခါ

ဒီကျန်းမာရေးအခြေအနေက ဘယ်လိုအန္တရာယ်များတာလဲ

သံဓာတ်ချို့တဲ့ခြင်းက သံဓာတ်ပမာဏတိုးလာအောင်လုပ်ခြင်းဖြင့် (ဒါမှမဟုတ်) ဖြည့်စွက်စာသောက်သုံးပေးခြင်းဖြင့် သံဓာတ်အားကောင်းလာအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ မကုသဘဲ ဒီအတိုင်းထားမယ်ဆိုရင် အခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

နှလုံးခုန်သံပုံမှန်မဟုတ်ခြင်း – ခန္ဓာကိုယ်မှာ သွေးနီဥတွေ ရှားပါးတာကြောင့် သင့်နှလုံးက သွေးတွေကို ပိုပြီးစုတ်ယူရပါတယ်။ ဒါက နှလုံးခုန်တာပုံမှန်မဟုတ်သလို ဖြစ်လာနိုင်ပါတယ်။ ပိုပြီးပြင်းထန်တာက နှလုံးရပ်တာ (သို့) နှလုံးကြီးတာတွေဖြစ်လာနိုင်တာပါပဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လမစေ့ဘဲမွေးခြင်း – ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့မယ်ဆိုရင် ကလေးကို လမစေ့ဘဲ မွေးတာ (ဒါမှမဟုတ်) ကလေးကို ပေါင်ချိန်နည်းပြီး မွေးတာတွေဖြစ်လာနိုင်ပါတယ်။

ကလေးတွေ ကြီးထွားမှုနှောင့်နှေးခြင်း – သံဓာတ်ချို့တဲ့မှုကို ခံစားနေရတဲ့ကလေးတွေက ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေပိုများပါတယ်။

သံဓာတ်ပါဝင်တဲ့အစားအစာများ

သံဓာတ်အားကောင်းလာဖို့ဆိုရင် သင် တစ်နေ့တာစားသုံးမှုမှာ ဒီအစားအစာတွေပါဝင်သင့်ပါတယ်။ အဲဒါတွေကတော့ အသား၊ ပဲအမျိုးမျိုး၊ ဖရုံသီး၊ အစိမ်းရောင်အရွက်များတဲ့ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးခြောက်၊ စပျစ်ခြောက်၊ အစေ့အဆံ၊ ကြက်ဥတွေပါပဲ။

Ref: How dangerous is iron-deficiency anaemia?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top