ဒရုန်းအရေအတွက် (၅၂၀) ငှားရမ်းပြီး ဒေါ်လာ (၁၅,၇၀၀) အကုန်အကျခံကာ ခွေးလေးရဲ့မွေးနေ့ပွဲကို ကျင်းပပေးခဲ့တဲ့ တရုတ်အမျိုးသမီး

7-2-2022-yyl10.png

မကြာသေးခင်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်က အမျိုးသမီးတစ်ဉီးဟာ သူ့ရဲ့အိမ်မွေးခွေးလေးရဲ့မွေးနေ့ပွဲကို ကျင်းပဆင်နွှဲပေးဖို့အတွက် ဒရုန်းအရေအတွက် ၅၂၀ ကို ငှားရမ်းပြီး ယွမ် ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၅၇၀၀) အကုန်အကျခံခဲ့ပါတယ်။ အဲဒီအမျိုးသမီးက အခုလိုငွေအမြာက်အများအကုန်အကျခံပြီး မွေးနေ့ပွဲကျင်းပပေးခြင်းဖြင့် သူ့ရဲ့ခွေးလေး တုံတုံအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့တာဖြစ်ပါတယ်။

ဒရုန်းတွေကို “Happy 10th birthday, Dou Dou” လို့ အဓိပ္ပာယ်ဖော်ဆောင်တဲ့ တရုတ်စာလုံးတွေ ပုံဖော်ခဲ့ပါတယ်။ ချန်ဆာမြို့က ရှောင်ကျောင်မြစ်အထက်မှာ ဒရုန်းတွေ ပျံဝဲခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒရုန်းတွေက Happy 10th birthday DouDou လို့ ပုံဖော်ပြီးတဲ့နောက်မှာ မွေးနေ့ကိတ်နဲ့ မွေးနေ့လက်ဆောင်ဗူးပုံစံဖြစ်အောင် ထပ်ပြီး ပုံဖော်ခဲ့ပါတယ်။

တုံတုံရဲ့သခင်က ဒရုန်းအရေအတွက် ၅၂၀ ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာပါ။ ဘာလို့လဲဆိုရင် ၅၂၀ တရုတ်အသံထွက်က “I love you” ဆိုတဲ့ စကားနဲ့ ဆင်တူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ခွေးပိုင်ရှင်က မွေးနေ့သီချင်းမဆိုပေးခင်မှာ ခွေးလေးရဲ့ခေါင်းမှာ ခရစ်စမတ်ဉီးထုပ်ဆောင်းပေးခဲ့တာကို တွေ့ရပါလိမ့်မယ်။

တကယ်တော့ လူနေအိမ်အဆောက်အဉီးတွေရှိတဲ့နေရာကို ဒရုန်းတွေအတွက် No Fly Zone လုပ်ထားတဲ့အတွက် ဒရုန်းတွေ လွှတ်တင်ဖို့ ခွင့်မပြုထားပါဘူး။ အဲဒီအချိန်တုန်းက သူတို့ ဒရုန်းတွေနဲ့မွေးနေ့ပွဲကျင်းပခဲ့တာကို သတိမပြုမိခဲ့ဘူးလို့ ရဲတွေ ပြောခဲ့ပါတယ်။ ဒီလိုနေရာတွေမှာ ဒရုန်းမပျံသန်းခင် ရဲတွေဆီက ခွင့်ပြုချက် လျှောက်ထားသင့်တယ်လို့လည်း လူတွေကို တိုက်တွန်းခဲ့ပါတယ်။

Ref: WordofBuzz “Woman in China Hires 520 Drones & Spends About RM66,000 For Her Doggo’s Birthday!”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top