အာဖရိကတိုက် အလယ်ပိုင်း ဆာဟယ်ဒေသမှာ ကျက်စားတဲ့ ရက်ပယ်လင်းတတွေဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးပျံသန်းတဲ့ ငှက်တွေအဖြစ် စံချိန်တင်ထားကြပြီး ဧဝရတ်တောင်ထိပ်ထက် ပိုမြင့်တဲ့ မီတာ ၁၁၀၀၀ ကျော် အမြင့်အထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့်လည်း ၁၉၇၃ ခုနှစ်တုန်းက ရက်ပယ်လင်းတတစ်ကောင်ဟာ အဲဒီအမြင့်ပေမှာ လေယာဉ်နဲ့ တိုက်မိခဲ့ဖူးပါတယ်။ သူတို့ဟာ အောက်ဆီဂျင်ကို ထိရောက်စွာ စုပ်ယူနိုင်စွမ်းရှိတဲ့ သွေးနီဥပုံစံတစ်မျိုးကြောင့် ပါးလွှာလေထုထဲမှာ အသက်ရှူနိုင်ပြီး လေဟုန်စီးနိုင်တဲ့ တောင်ပံတွေကြောင့် အဲဒီလောက် အမြင့်မှာ ပျံသန်းနိုင်တာ ဖြစ်ပါတယ်။
ရက်ပယ်လင်းတတွေဟာ အုပ်စုလိုက် ပျံသန်းလေ့ရှိပြီး စူးရှတဲ့ အမြင်အာရုံကို အသုံးပြုပြီး အသေကောင်တွေကို လိုက်လံရှာဖွေ စားသောက်ကြပါတယ်။ လင်းတတွေက အသေကောင်တွေကို စားသောက်ခြင်းအားဖြင့် ရောဂါပိုး ပြန့်ပွားမှုကို တားဆီးပေးပြီး ဂေဟစနစ်ကို သန့်ရှင်းစေပါတယ်။ ဒါပေမဲ့ အဆိပ်သင့်ခြင်း၊ စားကျက် ဆုံးရှုံးခြင်း၊ လူသားတွေရဲ့ ခြိမ်းခြောက်မှု အစရှိတဲ့ အချက်တွေကြောင့် ရက်ပယ်လင်းတ အကောင်ရေ သိသိသာသာ ကျဆင်းလျက် ရှိပါတယ်။
Ref: This Rare Vulture Was Involved In The Highest Bird Strike Ever Recorded
NZ (ရိုးရာလေး)

